Friday, May 1, 2009

လွမ်းတယ်

ကြမ်းတမ်းတဲ့ လောဂဓံ ကို အံတု
ဘ၀ အခက် အခဲတွေ ကို ကြံကြံ ခံ ရင်ဆိုင်ဖြေရှင်း
မိသားစု အတွက် ရှေ့ က တံတိုင်းကြီး သဖွယ် ရပ် တည်ပြီး
သားသမီးတွေ အတွက် ဘယ်တော့မှ ပင်ပန်းတယ် မထင်တဲ့  အဖေ
ဒီအချိန် ကွမ်းစိုက် ဖို့ အတွက် ခြံထဲမှာ ပေါက်တူး ပေါက်နေမယ့်
အဖေ့ ကို သနားစိတ်နဲ့  လွမ်းတယ်…………….။

အဖေ့ အတွက် လက်တွဲ ဖော်ကောင်း
မောင် တစ်ထမ်း မယ်တစ်ရွက် ဘ၀ ကို ရင်ဆိုင်ပြီး
လောကဓံရဲ့  သင်ခန်းစာတွေကို နောကြေနေတဲ့ 
စမ်းရေလို အေးမြတဲ့ မေတ္တာ နဲ့ ကျနော်တို့ ဘ၀ အတွက် လက်ဦး ဆရာ အမေ
နေ မှ ကောင်းပါ့ မလား ဆိုတဲ့ 
စိုးရိမ် စိတ်နဲ့  အမေ့  ကို လွမ်းတယ်……………။

ညီ ၊ညီမ တွေ အတွက် ဘ၀ ကိုပေးဆပ်
ပညာတစ်ပိုင်းတစ်စ နဲ့ အဖေ့ကိုဝိုင်းကူ
သူ့ လို ပင်ပန်းမှာ စိုးလို့ 
စာကျက် ပျင်းတဲ့  ကျနော့် ကို
ဂရုဏာ ဒေါသနဲ့  တစ်ခါခါ ရိုက်တတ်တဲ့ အစ်ကိုကြီး
တည်ကြည် ပြတ်သားတဲ့ ရုပ်သွင်းကို
မျက်လုံး ထဲ မြင်ယောင်ပြီး အစ်ကိုကြီး ကို လွမ်းတယ်………။

ငယ်ငယ် က ရန်ဖြစ်လိုက် ပြန်ချစ်လိုက်
သူငယ်ချင်းတွေ နဲ့ ရန်ဖြစ်ရင် ကျနော့် ဘက်က
ယောင်္ကျားလေး တစ်ယောက်လို ၀ိုင်းကူချပေးတဲ့ အစ်မ
အစားကြီးတဲ့ ကျနော့် ကို သူ့ ဝေစုထဲက အနစ်နာခံ ခွဲပေး
အခုနေ…မီးဖိုချောင်ထဲ မှာ ထမင်း၊ ဟင်း ချက်နေမယ့်
အစ်မ ကို လွမ်းတယ်……………။

ဈေးကြီးပေး ၀ယ်ရ တဲ့ ဟင်းလျာတွေ မဟုတ်
အငွေ့ တထောင်းထောင်း ထနေပြီး
အငယ်ဆုံး သား ကျနော့် ပန်ကန်ထဲမှာ
ဟင်းတွေ ပြည့်သွားတတ်တဲ့
မိသားစု ထမင်းဝိုင်း လေးကို လွမ်းတယ်…………။

နွားကျောင်းတုန်းက အရိပ်ခိုခဲ့တဲ့
ရွာထိပ် က ညောင်ပင်ကြီးကို လွမ်းတယ်………. ။
ဘယ်သူ မှမသိအောင် ရေသွားခိုးကူးခဲ့တဲ့
ကွင်းစပ် က ချောင်းငယ်လေးကို လွမ်းတယ်..........။
ဆောင်းတွင်း အေးအေးမှာ မိသားစုတွေ အတူတူ မီးလှုံခဲ့ တဲ့
ဆောင်းတွင်းမီးဖို လေးကိုလွမ်းတယ်……….။


HEARTMUSEUM said...

အော်.... ကိုရင်မျိုးက ငါ့လို အငယ်ဆုံးသားကိုးကွ။
ပြောလို့ပြောတာမဟုတ် အငယ်ဆုံးဆိုတာ အလိမ္မာဆုံးကွ။
ငါပါလို့....ဟီ...ဟိ

May 26, 2008 11:42 PM

Blogger ရွှန်းမီ said...

လွမ်းစရာ ကောင်းပါတယ် ဆို .. အရေးထဲ .. အစ်ကိုဟတ်မြူဆီယံ က အသားဝင်ယူနေတယ်။
အရာတိုင်းကို လွမ်းတယ်.. လွမ်းတဲ့ထဲမှာ ပြန်မရနိုင်တာ တချို့ လဲ မုန်တိုင်းနဲ့ ပါသွားတယ်.. . .

May 27, 2008 12:21 AM

Blogger အမရာ said...

မိသားစုအကြောင်းကို
တကယ့်ကိုလွမ်းစရာကောင်းအောင်
ဖွဲ့ပြထားတာ....တကယ့်ကိုဘဲဖတ်ရင်း
နဲ့လွမ်းရပါတယ်...............

May 27, 2008 12:56 AM

Blogger မွန် said...

လွမ်းတယ်
လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ်

May 27, 2008 6:54 AM

Blogger နွေမုန်တိုင်း said...

မောင်မျိုးတို့ကတော့ လုပ်ချလိုက်ပြီ.... ငါ့ကိုစောင်းပြီး ရေးထားတာလား :( ငါလည်းမင်းနဲ့အတူတူ မိသားစု ကိုလွမ်းတယ်ကွာ.. ငါကမင်းထက်သာတယ် ... ဘာလဲ ဆိုတော့ ငါ့မိသားစုထဲမှာ နောက်ထပ်တစ်ယောက် ထပ်တိုးလာပြီလေ ...ချစ်ဇနီးကိုလည်း လွမ်းတယ်ကွာ :D

May 27, 2008 9:59 AM

Anonymous လေးမ said...

ဒီစာ ငါဖတ်ပြီးသားပါဆိုပြီး ဇဝေဇ၀ါတောင် ဖြစ်သွားတယ်..။ အောက်ဆုံးရောက်မှ ငါမမှားပါဘူးဆိုတာ သေချာသွားတယ်...။

May 27, 2008 6:02 PM

Blogger BLACK DREAM said...

Heart ကြီးစကားကို ရှုံချပါတယ်..။ အကြီးဆုံး (အသက်) သည်သာ အလိမ္မာဆုံး ဖြစ်ပါသည် :P စတာ။ ဟီး..ဟီး..။

ဒီလိုပဲ ညီလေးရေ ပျော်ရာမှာမနေရ တော်ရာမှာနေရ တာကြာတော့ ဘ၀တွေလဲ ခါးလှပြီ..။

May 27, 2008 8:49 PM

Blogger ရွှေပြည်သူ said...

မောင်မျိုးရေ... ဖတ်ပြီး မောင်မျိုးတို့ မိသားစုလေးကို မြင်ယောင်လာတယ်။ အစ်မလည်း အိမ်ကိုလွမ်းသွားတယ်။ ငိုချင်ရက်လက်တို့ဆိုတာ ဒါမျိုးထင်ပါရဲ့း) ဘာပဲဖြစ်ဖြစ် တို့တွေအားလုံး မိသားစုနဲ့အတူ ပျော်နိုင်တဲ့အချိန်တွေ ရှိလာဦးမှာပါ။ တော်ရာမှနေတုန်း ခဏ ဆက်ပြီးသည်းခံကြတာပေါ့ မောင်လေးရယ်... (စကားမစပ်... black dream စကားကို ထောက်ခံပါတယ်း))

May 27, 2008 9:40 PM

Blogger လင်းထက် said...

လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ် လွမ်းတယ်

May 27, 2008 11:18 PM

Comment deleted

This post has been removed by the author.

May 27, 2008 11:22 PM

Blogger ကြယ်စင်နတ်သမီး said...

မောင်လေးပြောတော့မှ အိမ်ကို အရမ်းလွမ်းသွားတယ်... အဝေးမှာရောက်နေလို့ အရမ်းသတိရလွန်းတဲ့စိတ်ကို အလုပ်တွေကြားထဲမှာ ထိုးဝှက်ထားတာ အခုတော့ လွမ်းပြီးရင်းလွမ်းသွားပြီ... သိပ်မကြာခင်မှာ ပြန်စုံဖို့ကိုပဲ စိတ်ထဲမှာ ရည်မှန်းရင်းနဲ့ အလုပ်တွေဆက်လုပ်လိုက်ဦးမယ် မောင်လေးရေ... ပျော်ရာမှာ မနေရပဲ တော်ရမှာ နေရလွန်းလို့ ပင်ပန်းလှပြီ...

May 28, 2008 7:15 AM

Blogger နှင်းပွင့်ဖြူလေး said...

လွမ်းစရာလေးတွေး(

May 28, 2008 9:44 AM

Anonymous ဟန်သစ်ငြိမ် said...

ဆရာသမား သိပ်မလွမ်းနဲ့ဗျာ... အခုတလော နှုတ်ဆက်တဲ့ ဘလော့ဂါတွေနဲ့၊ လွမ်းသံစဉ်ဟစ်တဲ့ ဘလော့ဂါတွေပဲ တွေ့နေတော့ ကျုပ်တောင် မျက်ရည်ကျမိတော့မယ်။

May 28, 2008 7:01 PM

Blogger ဝေလေး said...

အစ်ကို..ကဗျာလေးတစ်ကယ်ကောင်းတယ်ဗျာ.....လွမ်းသွား
ပြီ။အစ်ကိုလုပ်လို့........

July 4, 2008 9:32 PM

Anonymous နွေကဗျာ said...

င်ထဲမှာ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့ အလွမ်းပဲလေနော်
မနွေလည်း အိမ်ကို အရမ်းလွမ်းတယ်
အမြဲတမ်း ကိုယ်လုပ်ချင်တာ လုပ်ပြီး ဆိုးခဲ့တာလေ
ကိုယ့်မိဘ မောင်နှမ ကလွဲလို့ ဘယ်သူက ဘယ်လောက် ခွင့်လွှတ်နိုင်မလဲနော်
အခုတော့ အားလုံး တစ်နေရာစီရယ်ပေါ့..........





No comments: