ကျနော် (၄) နှစ်သား အပြင်းဖျားတုန်းက လူသူအရောက်ပေါက်နည်းတဲ့ တောရွာလေးကနေ အဖေက ကျောပိုး ၊ အမေက မီးအုပ်ဆောင်းကို ကိုင် သားသမီးဇော နဲ့  ညသန်ခေါင်ကျော် မြို့က ဆေးရုံးကို အပြင်းခရီးနှင်ခဲ့ကြတယ်။ အချိန်မှီ ရောက်လာလို့  သေကံမရောက် သက်မပျောက်ခဲ့တာတဲ့ အဲ့ဒီထဲက ကျနော်က မိဘ အတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်ခဲ့လေသလားး ဒါပေမယ့် အဖေ နဲ့  အမေကတော့ တစ်ခါမှ ယခုလိုမတွေးခဲဖူးဘူးတဲ့ ။ စကားနည်းတဲ့ အဖေ က သူ့ ရဲ့ မေတ္တာတရားတွေကို ဘယ်တော့မှ မထုတ်ပြခဲ့ပါဘူး သံသရတွေနဲ့  "အမေ.....အဖေက သားကို ချစ်ကောချစ်ရဲ့လား '' မေးတဲ့ အခါ အမေက ပြုံးရိပ်သန်းပြီး သားသမီးတွေအပေါ်ထားတဲ့ အဖေ ရဲ့ ပုံရိပ်တွေကို မြင်ယောင်လာအောင် ညအိပ်ယာဝင် ပုံပြင်အဖြစ် ပြောပြခဲ့ဖူးတယ်။
အဖိုး အဖွား တွေ ရဲ့ စကားတစ်ခွန်းက အဖေ နဲ့  အမေ့အတွက် အတော် သြဇာ ညောင်းခဲ့တယ် ။
"ပညာတက်လည်း စပါးတစ်စီး ပညာမတက်လည်း စပါးတစ်စီး " ဆိုတဲ့ စကားအတိုင်း ရေးတက်ဖတ်တက် တော်ပြီး ကျောင်းထွက် ဆိုတဲ့ စကားက ကျနော့်ရှေ့က မောင်နှမတွေ အတွက်တော့ ကံဆိုးစွာနဲ့  အဖေ နဲ့  အမေ က ကျင့်သုံးခဲ့တယ် ။ နေပူမိရင် ဖျားတယ် ၊ အအေးပက်ရင် ဖျားတယ် မွေးကတည်းက ရောဂါနဲ့  နပန်းလုံးလာခဲ့တဲ့ ဒီကောင့် အလှည့်လည်း ရောက်တော့ သူတို့ ရဲ့ ကျင့်စဉ်ကြီးကို ပြောင်းပစ်ခဲ့ကြတယ်လေ ။ အဖေပြောခဲ့တဲ့ စကားကို ကြားယောင်နေသေးတယ်
'' သားငယ် အတွက်ကတော့ တို့ တွေပေးနိုင်တာ သူ့ အတွက် ပညာအမွေတစ်ခုပဲ " ကံကောင်းစွာနဲ့  ပညာတက်ကြီးတစ်ယောက် မဖြစ်ခဲ့ပေမယ့် ကျနော် လူကြားထဲ မျက်နှာမငယ်ခဲ့ရဘူး။
ကျနော် လူပျိုပေါက်စ အ၀တ်စား လှလှ ၀တ်ချင်တဲ့ အရွယ် အဖြည့်ခံ လူသားနှစ်ဦး အဖေ နဲ့  အမေ က အရာရာမပြည့်စုံပေမယ့် တက်စွမ်းသလောက် ဆောက်ရွက်ပေးခဲ့ကြတယ် ။ ကျနော် မသိတက်တာလား တကယ်မသိတာလား အခုချိန်ပြန်စဉ်းစားလည်း သေချာတိကျတဲ့ အဖြေတစ်ခု ထွက်မလာပါဘူး ကျနော့်တို့ အတွက် အဖေ မနက်စောစော ထင်းလှည်းကိုမောင်း ဆောင်းတွင်အေးအေးမှာ အနွေးထည်မပါ စောင်ထူထူကို ခြုံပြီး ပင်ပန်စွာနဲ့  ကျွေးမွေးစောင့် ရှောက်ခဲ့တာကိုပေါ့ ။ တောဓလေ့ " စိတ်ညစ်တော့ အရက်ကို သောက်တယ် အရက်သောက်တော့ သိပ်စိတ်ညစ်တယ် " တိုင်းရင်းသားသံ ၀ဲဝဲနဲ့  အဖေ့ရဲ့ သီချင်းသံ၊'' အဖေ အရက်သောက်တာ သားရှက်တယ် '' လို့ ပြောတော့ '' အေးပါ ...သားရယ် အဖေ နောက်မသောက်တော့ပါဘူး '' ဆိုပြီး သားသမီးတွေကို စိတ်ချမ်းသာစေခဲ့တယ် ။
ယခု ကျနော် (၂၀) ကျော်သက်အရွယ် လူ့ လောကမှာ ခြေဖ၀ါး ၂ချပ်ချစရာ နေရာလေးတစ်ခုရလာတဲ့အချိန်
'' အဖေ နဲ့  အမေ နေကောင်းလား ''
'' ကျနော် ဖုန်းဆက်တယ် သတိရတယ်ပြောလိုက်နော် '' ဆိုတဲ့ အမှာစကား နှစ်ခွန်းက လွဲပြီး ဘာစကားမှ မပြောနိုင်ခဲ့ဘူး ဘာတာဝန်မှလည်း မကျေသေးဘူး အခုတော့ ကျနော့်ဘ၀ အတွက် အဖြည့်ခံ လူသားနှစ်ဦးက အမေ့ခံလူသားတွေ ဖြစ်သွားကြပြီလား ။
ကျနော် မတွေးပြရပါစေ နဲ့  မတွေးချင်လို့ မဟုတ်ရပါဘူးဗျာ ကျနော် ရူးလိမ့်မယ်ထင်တယ်း( ။ငယ်ငယ်ကအကြောင်းတွေကိုပြန်စဉ်းစားပြီး ပြန်လိုချင်မိတဲ့ အချိန်လေးတွေကတော့ အဖေ က အမေ့ကို နောက်ပိုးတုန်းက မယ်ဒလင် တီးပြီးဆိုခဲ့တဲ့သီချင်းလေ ကျနော် တို့ အငယ်တုန်းက လသာတဲ့ ညတွေမှာ အိမ်ရှေ့ကွပ်ပစ်မှာ ထိုင်ပြီး အဖေ က မယ်ဒလင်တီး အမေက သီချင်းဆိုခဲ့ကြတာ အဲ့ဒီအချိန်လေးတွေကို ပြန်လိုချင်တယ် ။ အခုကျနော် အဖြည့်ခံရင်ခွင်တွေနားမှာ ခဏလေးဖြစ်ဖြစ် မှေးစက်ခွင့်ရချင်တယ် သိနေတယ် အဖြည့်ခံများ( အဖေ နဲ့  အမေ ) ကလည်း မပြောပေမယ့် ကျနော့်ကို သတိရနေတယ်ဆိုတာ နေ့ ရက်တွေရယ် ကုန်ခဲလိုက်တာ ဘယ်အချိန်မှာ အိမ်ပြန်ရမှာပါလိမ့်နော် ။
Friday, May 1, 2009
Subscribe to:
Post Comments (Atom)
စိတ်ဓါတ်မကျပါနဲ့ကွာ
ပြန်ရမှာပေါ့
အဲလောက်သိတတ်နေတာကိုက မဆိုးသေးတဲ့သဘောပါ
တကယ်မသိတတ်တဲ့သူတွေက သတိတောင်မရဘူးရယ်
cheer up
လောလောဆယ်တော့ ကောက်ကာငင်ကာ ထမပြန်နဲ့ဦးဗျ
မုန်တိုင်းနဲ့တွေ့သွားမယ်
May 3, 2008 8:57 PM
ကြောင်လေးရေ ။ဒီ Post ကိုဖတ် ပီးမျက်ရည်ဝဲ မိတယ် ၊အားတင်းထားပါ၊ စိတ်ဓါတ်မကျပါနဲ့ကွာ။ မိဘကိုသိတတ်တဲ့ သားသမီးဟာ အမြဲအဆင်ပြေမှာပါ။
May 3, 2008 9:18 PM
တွေးမိတယ် ဆိုတော့ မဆိုးသေးပါဘူး ကိုမောင်မျိုးရာ ..
မလောပါနဲ့ .. ဖြည်းဖြည်းပေါ့.. ရည်မှန်းတာတွေ ဖြစ်လာမှာပါ.. :)
May 3, 2008 10:28 PM
အိမ်လွမ်းနေတဲ့ ညီလေး အစစအဆင်ပြေပါစေကွာ။ လိုအင်ဆန္ဒပြည့်မြောက်ပြီး အိမ်ကိုမြန်မြန်ပြန်နိုင်ပါစေဗျာ
May 3, 2008 11:19 PM
ကြိုးစားနေတာပဲ ညောင်မျိုးရယ်
အမေနဲ့အဖေက နားလည်နေမှာပါ
ဝေးနေလို့ ပြောချင်တာတွေများပြီး
နီးနီးတုန်းကလို စကားတွေ အားရပါးရမပြောရတော့
နေကောင်းလားနဲ့ သတိရတယ်ဆိုတာပဲ
အတိုချူန်းပြောလိုက်ပေမယ့်
ရင်ထဲမှာ ဘယ်လောက်တောင်
အိမ်ကိုလွမ်းသလဲဆိုတာ
အိမ်ဝေးသူတိုင်း ညောင်မျိုးခံစားချက်ကို
နားလည်နိုင်ကြမှာပါ
တစ်နေ့တော့ အိမ်ပြန်ပြီး
မိဘနားမှာ အားကိုးရတဲ့သူ တစ်ယောက်ဖြစ်ပါစေလို့
May 4, 2008 2:24 AM
ညီလေးရယ် မိဘမေတ္တာကို ဖော်ပြထားတာ အစ်ကို ကြည်သီးတောင်ထမိတယ်...နောက်ဆုံးအပိုဒ်လေးက အခံစားရဆုံးပဲ...။ အစ်ကိုတို့ဆို ငါ့ညီထက်ဆိုးပါတယ် ကွာ...။ ကိုယ်ချစ်တဲ့ မိသားစုနဲ့ခွဲခွာပြီးနေနေရတာ.. ဆယ်စုနှစ်တစ်ခု ပြည့်ပါတော့မယ်...။ မိဘမေတ္တာကို နားလည်သဘောပေါက် တန်ဖိုးထားတဲ့ သားသမီးဟာ လောက အလည်မှာဘယ်တော့မှ မျက်နှာမငယ်... မနိမ့် ကျရပါဘူး ညီလေးရေ...။ ချစ်သောမိသားစုနဲ့ အမြန်ဆုံး ပျော်ပျော်ရွှင်ရွှင်ဆုံဆည်းနိုင်ပါစေ...။
May 4, 2008 3:28 AM
အိမ်ထောင် ကျရင် ပိုမေ့လာမယ် ... ကလေး ရတော့ ပို ကျေးဇူး သိလာမယ် ... လူကတော့ ရောက်မှာ မဟုတ် ... :P
May 4, 2008 5:53 AM
အဖြည့်ခံရင်ခွင်တွေအနားကိုအမြန်ဆုံးပြန်ဖြစ်ပါစေ...
May 4, 2008 9:30 AM
ကိုမျိုးရေ ဒီ post ကိုဖတ်ပြီးတော့ ဝမ်းနည်းသလိုလို ခံစားလိုက်ရတယ် ကိုယ်တွေငယ်ငယ်တုန်းက ကိုယ့်မိဘ တွေအပေါ်ကိုယ်တွေဘယ်လောက်များဆိုးခဲ့လည်း မသိဘူးနော်။ အားတင်းထားပါ မိဘကျေးဇူးကိုသိတတ်တဲ့ လူဟာ အမြဲတမ်းကိုအဆင်ပြေမှာပါ။ စိတ်ဓါတ်မကျပါနဲ့နော်ကိုမျိုး။
May 4, 2008 1:40 PM
ပိုဒ့်လေးကတကယ်ကောင်းတယ်ဗျာ..
ဖတ်ပြီးတော့ တစ်မျိုးကြီးဗျာ..
ဝမ်းနည်းသလိုလိုကြီးပဲ..
အားပေးလျှက်ပါ ကိုမျိုးရေ..
May 4, 2008 4:40 PM
မောင်မျိုးရေ ဖတ်ပြီး ထပ်တူထပ်မျှ ခံစားရပါတယ်။ ကိုယ့်ဆီက ဘာကိုမှ မမျှော်လင့်တဲ့ မိဘတွေကို ဘာမှသေချာ ပြန်လုပ်မပေးနိုင်သေးတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာပါတယ် မောင်လေး။ ဒါပေမယ့် အခုအချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေပြီ ဖြစ်တဲ့မောင်လေးအတွက် မောင်လေးအဖေနဲ့အမေက ဂုဏ်ယူနေမှာပါ။ ဒါလည်း ကျေးဇူးဆပ်ခြင်းတမျိုးပဲလေ...
May 4, 2008 6:28 PM
This post has been removed by the author.
May 4, 2008 8:12 PM
ပြန်ရမှာပါ ... ငါတို့ရင်ထဲမှာ အိမ်ဆိုတာရှိနေသရွေ့
နွေးထွေးပါတယ် ...။
May 4, 2008 8:26 PM
I come to join forces with the village of Burma at this so tragic moment.
I ask God that everything passes as quickly as possible and the Bimãnia and his people survive a calm life and of peace.
May 5, 2008 2:12 AM
ကြိုးစားကွာ........... တနေ့တော့ဖြစ်လာမှာပါ။
May 6, 2008 10:32 PM
ကြိုနေတယ် အမေ့အိမ်ဆီမှ ပြန်လာမယ် အမေ့အိမ်ကို အချိန်တခုရောက်ရင်ပေါ့ကွာ...း)