Friday, May 1, 2009

ထိုသို့သောသူငယ်ချင်း

သူငယ်ချင်းဆိုလိုက်တိုင်း ကိုယ်က ကောင်းပေမယ့် ( သူတို့ ရဲ့အမြင်မှာ ကောင်းချင်မှလည်းကောင်းမယ်) သူတို့ ဆီက ပြန်ပြီးကောင်းနိုင်မယ်ဆိုတာ ယုံကြည်လို့ မရပါဘူး အရင်ကတော့ အဲ့လိုသူငယ်ချင်းမျိုးလည်း မကြုံဖူးတော့ မသိဘူး ထိုသူငယ်ချင်းနဲ့ ကတော့ ကျနော် G.T.I ( second year ) တက်တုန်းကပါ ကိုယ်ကသာ စီနီယာ ကျတယ် သူနဲ့ ကျနော်ကတော့ ရွယ်တူပါပဲ ကိုယ်တွေထက်တောင် ချမ်းသာသေးတယ် ဒါပေမယ့် ပေးသမျှ ကျောင်းစရိတ် မလောက်လို့ ချွေချွေတာတာ သုံးနေရတဲ့ ကျနော်ကချေးရတယ် ။ ပိုက်ဆံချေးပြီး ပြန်မပေးလို့ ကတော့ ကျနော်က ပန်ကန်ပြားပျံ သိုင်းကွက် နဲ့  ချပစ်လိုက်တယ် ဟီးးးးးးး တောင်းလို့ မရရင် အခန်းထဲက ပန်ကန်တွေကို အဆောင်ပြင် လွှင့်ပစ်တာကို ပြောတာ လူချင်းချ ရင်ကိုယ်က နိုင်မှမနိုင်တား) ။

ကျနော်လည်း စာမေးပွဲဖြေပြီလို့  အောင်စာရင်းမကြည့်ရသေးခင်ပဲ ဒီကိုတက်လာလိုက်တယ်လေ မလာခင် First Yaer တွေက စာမေးပွဲ မဖြေရသေးတော့ ကျနော် သုံးနေတဲ့ ဂဏန်းပေါင်းစက်လေးခဏငှားပါတဲ့ သူ့ စက်ကတော့ အပေါင်ဆိုင်ရောက်နေတယ် ဒီကလည်း အားနာတက်တဲ့ ကောင်ဆိုတော့ ငှားခဲ့လိုက်တာပေါ့ သူတို့ တွေ နောက်နှစ်ကျောင်းဖွင့်ရင် ကျနော်မှာခဲ့တာ က စာမေးပွဲပြီးတာနဲ့  မြို့ က လူကြုံနဲ့  ပြန်ထည့်ပေးလိုက် သေချာမှာခဲ့တာပဲ ။ အဲ့ဒီစက်လေးကလည်း ၂၀၀၄ ခုနှစ်တုန်းက ၀ယ်ထားတာတောင် ၁ သောင်းကျော်တယ် ကျောင်းမှာအသုံးလိုတော့ မ၀ယ်လို့ လည်းမရဘူး ကျောင်းတက်ခဲ့တဲ့ အမှတ်တရဆိုလို့  ဒီစက်လေးတစ်လုံးပဲ ရှိတော့တာ ။

နောက်နှစ်ကျောင်းဖွင့်တော့ မျက်မှန် ကိုလည်း သေချာမှာခဲ့တာ ပြန်တောင်းထားပေးဖို့  သူကလည်း နေ့ တိုင်း သွားတောင်းပေးနေတာပဲ ၊မကြာပါဘူး မျက်မှန် ဆီက ဖုန်းလာတယ် မင်းစက်ကို ပေါင်လိုက်ပြီတဲ့ မငှားခဲ့ပါနဲ့  ပြောတာကို ငှားရမလားဆိုပြီး ကျနော့်ကိုတောင်ဆူနေသေးတယ် စိတ်လည်းတော်တော်တိုသွားတယ် လိုအပ်တယ်ဆိုလို့  ငှားခဲ့တဲ့ ပစ္စည်းကို ဒီလို အလွယ်ပဲ လုပ်ရက်တာကို ပြောတာပါ ကျနော်လည်း အိမ်ကိုတစ်ခါ ဖုန်းပြန်ဆက် ၆၀၀၀ နဲ့  ပေါင်ထားတာဆိုတော့ ပိုက်ဆံ ၆၀၀၀ မော်လမြိုင်ကို ပို့ ပေးလိုက် မျက်မှန် ကိုရွေးခိုင်းလိုက်ပါဆိုပြီး ..............အဲ့ဒီကောင် တော်တော် လူပါးဝတယ်ဗျ အပေါင်ဆိုင်ကို သူ့ တစ်ယောက်တည်းသွားတယ်နောက်တော့ ကျနော့် အိမ်က ပို့ လိုက်တဲ့ ငွေ ၆၀၀၀ နဲ့  ရွေး နောက်တော့ တစ်ခြားဆိုင်မှာ သွားရောင်းစားပစ်လိုက်တယ်ဗျာ တော်တော်ဆိုးဝါးတာပဲ အံ့သြလိုက်တာလည်း မပြောပါနဲ့ တော့ ။

အခုတော့ ကျောင်းက အမှတ်တရ ဆိုတာ ဘာဆို ဘာမှမကျန်ခဲ့တော့ဘူးး) ...အော် ............စဉ်းစားမိတာလေး သူဘယ်လိုစိတ်ဓာတ်နဲ့ များ အဲ့လိုလုပ်လို့ ထွက်တာလည်းဆိုတာ ကျနော်တော့ အတွေးထဲမှာတောင်မတွေးမိပါဘူးဗျာ လိပ်ပြာလည်း သန့် မှာမဟုတ်ဘူးး သူတစ်ပါးစေတနာ စော်ကားလို့  ကံကြီးထိုက်တာလေ နောက်နှစ်သူလည်း စာမေးပွဲကျပြီး အိမ်က နိုင်ငံခြားလွှတ်လိုက်တယ်လို့  သတင်းတော့ကြားတယ် .............တော်ပါပြီးးးးးး နောက်များတော့ အဲ့လို သူငယ်ချင်းမျိုး မတွေ့ ပါရစေနဲ့ ဗျာ တစ်ခါတည်းနဲ့  လန့် လွန်းလို့  ။

soemoe said...

ကိုမျိုးကလည်းဒီလိုလူမျိုးကိုသူငယ်ချင်းလို့ မသတ်မှတ်ရဘူးလေနော်

May 6, 2008 7:17 AM

Blogger ရွှန်းမီ said...

calculator မို့ တော်သေးတာပေါ့ ကိုမောင်မျိုး..
အခုတော့ ကျောင်းအမှတ်တရအဖြစ် သူလိုလူမျိုးအကြောင်းလေး ကျန်ရစ်တာပေါ့။
ဒီလိုလူမျိုးကို ယောက်ဖမတော်လိုက်ရတာ ကံကောင်းတယ်မှတ်ပါ =)

May 6, 2008 9:29 AM

Blogger HEARTMUSEUM said...

မောင်မျိုးရေ.... ဒီလိုကောင်နဲ့ ငါတော့ တွေ့ချင်စမ်းပါဘိ။
မင်းမို့ငြိမ်ခံတာဟေ့.....ဟင်း...ဟင်း...

May 6, 2008 10:22 PM

Blogger ရွှေပြည်သူ said...

ဖတ်ရတာ စိတ်မကောင်းပါဘူး မောင်လေးရေ။ လူ့ဘ၀မှာ ရှေ့လျှောက် လူအမျိုးမျိုးနဲ့ တွေ့ရဦးမှာပဲဆိုတော့ ဒါကို သင်ခန်းစာတစ်ခုလို့ပဲ မှတ်ယူလိုက်ပါ။ ကိုယ်က သူငယ်ချင်းရယ်လို့ စိတ်ရင်းစေတနာနဲ့ ဘာမှမမျှော်လင့်ဘဲ ခင်မင်ကူညီခဲ့ပေမယ့် အဲဒီလို ရင်ဝကို ပြန်ဆောင့်ကန်တာတွေ အစ်မလည်း ကြုံခဲ့ဖူးပါတယ်။ စိတ်ထားကောင်းရင် ကံကောင်းမှာပါ မောင်လေးရေ။ အဲဒီလို (သူငယ်ချင်းမပီသတဲ့) သူငယ်ချင်းမျိုးကို မေ့လိုက်ပါတော့။

May 7, 2008 10:51 AM

Blogger ein said...

ကတ်ကူလေတာက ဘာအမျိုးစားသုံးတာလဲကြောင်မျိုးရ ဟိ နာ့မှာ ခုလောလောဆယ် တစ်ထုပိုနေတယ်ကွ ရော့ယူလိုက်နော် ...:P
ကျောင်းသားဘ၀ အမှတ်တရလေးတွေပေါ့ ပျော်စရာကောင်းတာတွေလဲ ဖြတ်သန်းခဲ့ရသလို...း)

May 7, 2008 3:29 PM

Blogger မင်းကျန်စစ်။ said...

စိတ်တိုတိုနဲ့ ပန်းကန်ပြားပျံသိုင်းကွက်ပဲမို့တော်သေး။ လူခုန်မချတာ ကံကောင်း :P နောက်တခါ သူ့ကို ပြန်တွေ့ရင် အိပ်ဆေးထိုးပြီး ပဲလှော်သည်နဲ့ လဲစားခဲ့ကွ။ ဒါနဲ့ ကျောင်းမှာ ဘယ်ကောင်မလေးကို ဘယ်လို ကြွက်ခုတ်ခဲ့လဲဆိုတာ ပြောချင်စိတ်ရှိဘူးလားကွ :D

May 9, 2008 9:37 AM

Blogger ဆောင်း said...

စိတ်မကောင်းလိုက်တာ ပထမလူကပေါင်လိုက် တယ်ပြောကထဲက လူတွေကို မယုံသင့်ဘူးလေ ဘာကြောင့် မျက်မှန်ကို ခိုင်းရတာလဲ ကိစမရှိ ပါဘူး။ ၂ခုခံရမှ နောက်မှတ်မိမယ်လို့ သဘော ထား လိုက်ပါ။ နောက် ဘယ်သူကိုမှ ငှားတာ ပြုတာမလုပ်နဲ့ ။ လူရိုးဆိုတာ င်္သချိုင်းမှာသာ ရှိတယ် မဟုတ်လား။ အမျိုးအစားသိရင် အဟောင်းဆိုင်မှာ ပြန်ဝယ်လို့ ရပါတယ်။ လူမသေ ငွေမရှားလို့ ဘဲ သဘောထားလိုက်နော်

May 12, 2008 11:59 AM

Anonymous နွေကဗျာ said...

အဲလို သယ်ရင်းမျိုးက ရှိသေးတယ်နော်
သူများ တန်ဖိုးထားတဲ့ အရာကို အဲလိုလုပ်တာ
တကယ်ကို မပေါင်းသင်းအပ်သူပါပဲ
မနွေဆိုလည်း အရမ်းစိတ်ဆိုးမှာ
ကိုယ်မြတ်နိုးတဲ့ အရာကိုအဲလို လုပ်သွားရင် တအားစိတ်ဆိုးတာ
ညောင်မျိုးက ပန်ကန်းပြားပဲ ပျံတာ
မနွေဆို ငရုတ်ကျည်ပွေ့တွေ
ဓားမတွေ အကုန်ပျံသွား စေရမယ် ဟဲဟဲ
စိတ်ကြီးတယ်နော်.. :P

May 14, 2008 11:52 PM

Blogger Mhu Darye said...

အဲဒီ လူမျိုးကို “သူငယ်ချင်း” လို့ သတ်မှတ်နိုင်သေးတဲ့ ကိုမျိုးကို လေးစားတယ် ဟာ ဟ။ ဒါပေမယ့် နောင်ကျဉ်နိုင်တဲ့ အမှတ်တရ လေးပေါ့။

May 16, 2008 6:08 PM

Blogger ဝေလေး said...

တော်တော်ဆိုးတဲ့သူငယ်ချင်းပဲနော်...အဲဒါသူငယ်ချင်းဟုတ်
တော့ဘူးပေါ့..



No comments: