Friday, May 1, 2009

သူမရဲ့နတ်သား

ဒီလို မေဦး ရဲ့ မိုးသည်းသည်းတွေရွာတဲ့ နေ့ ခင်းတစ်ခုမှာပေါ့ သူမရဲ့ ဘ၀ထဲကို အလင်းရောင်တွေနဲ့  ကောင်လေးတစ်ယောက်ရောက်လာလိမ့်မယ်လို့  အိပ်မက်အဖြစ်နဲ့ တောင်မမက်ဖူးပါဘူး ။ အဲ့ဒီနေ့ က သူမသာ အလုပ်ကို နောက်မကျခဲ့လျှင်၊ မိုးတွေသာ အရမ်းမရွာခဲ့လျှင် သူ့ နဲ့  ဆုံဆည်းဖို့ ဖြစ်လာမှာမဟုတ်ပါဘူး အဲ့ဒီအတွက် မိုးမင်းကြီး ကိုကျေးဇူးတင်ပါတယ်ရှင် သူနဲ့  ဆုံဆည်းခွင့်ရအောင် မိုးတွေ ရွာသွန်းပေးခဲ့တဲ့အတွက်ပါ ။ လူတော်တော် များများက မိုးစိုမှာ စိုးလို့  ထီးကိုယ်စီ ၊ မိုးကာတွေကိုယ်စီနဲ့ ပါ သူမလည်း ထိုနည်းတူစွာ ထီတစ်ချောင်းကို အဖော်ပြု လက်ထဲက ဖိုင်တွေကို ရင်ဝယ်ပိုက်ပြီး လျှောက်လာခဲ့ပါတယ် ။ အမှတ်မထင် သူမ ရဲ့ မျက်ဝန်းထဲမှာတွေ့ လိုက်ရတဲ့ မြင်ကွင်းလေးတစ်ခု မိုးရေတွေထဲမှာ အကာကွယ်မပါ ပါးလွှာတဲ့ အကျီင်္လေးနဲ့  တစ်ခုခုကို ကြေကွဲနေသလိုလို ကောင်လေးတစ်ယောက်ထိုင်နေတယ် သူမ သူ့ ကိုမသိမသာလေး ခိုးကြည့်လိုက်တဲ့အခိုက် သူနဲ့  မျက်ဝန်းချင်း ဆုံသွားတယ်..............။


အိုးး..................သူမ ရင်တွေခုန်လိုက်တဲ့ဖြစ်ခြင်း ရင်ဘတ်မှာ ပိုက်ထားတဲ့ ဖိုင်တွေကို ပိုမိုတင်းကျပ်အောင် ပိုက်ထားလိုက်မိတယ် ထူးဆန်းလိုက်တာ သူမ ဘ၀မှာ ဒီလိုရင်ခုန်မှုမျိုး ဒါပထမဆုံး အကြိမ်ပါပဲ ပြီးတော့ သူ့ ရဲ့ မျက်ဝန်းတွေက တစ်ခုခု ပြောနေသလို သူမ အရမ်းကိုသနားသွားမိတယ် အချစ်ဆိုတာ သနားတာက စတယ်ဆိုတဲ့ စကားကြားတော့ကြားဖူးတယ် အခု ဒီစကားက သူမအတွက် မှန်နေသလား ချစ်ခြင်းအစ သနားခြင်းက သူမ သူ့ ရဲ့ ကြေကွဲနေတဲ့ မျက်ဝန်းတစ်စုံကို အရမ်းချစ်မိသွားတယ် ဆိုတာ အဲ့ဒီအခိုက်လေးမှာပဲ သေသေချာချာ သိလိုက်တယ် ။ အချစ်ရဲ့စေလိုရာ အတိုင်း သူမရဲ့ ခြေလှမ်းတွေက သူ့ အနားကို ပြီးတော့ မိုးစက်တွေ မညှာမတာ ကျရောက်နေတဲ့ သူ့ ကို မလုံပေမယ့် သူမ ထီးကလေး မိုးပေးခဲ့တယ် ။ အနီးကပ် သူမ သေချာကြည့်မိတော့ သူ့ ရဲ့ပါးပြင်ပေါ်မှာ မိုးစက်တွေနဲ့ အတူ မျက်ရည်စတွေကို တွေ့ လိုက်ရတယ် ။

'' ...ဘာကူညီရမလဲရှင့် ''
မာနတွေ လွင့်စင် သွားတဲ့ ကိုယ့်ကိုယ်ကို လည်း အပြစ်မတင်ရက်တော့ပါဘူး သူမသိတာ သူ့ ကိုအရမ်းသနားနေတယ်ဆိုတာပဲ ( သူ့ ရဲ့ မျက်ဝန်းတွေကို သနားတယ်ဆိုရင် ပိုမှန်မယ် ) သူကတော့ ခေါင်းကို သာတွင်တွင်ခါနေတာပါပဲ သေချာတယ် သူ့ အတွက် သူပြောချင်တာတွေကို နားထောင်ပေးမယ့်သူ တစ်ယောက်ယောက် ဒါမှမဟုတ် သူ့ ကို အားပေးနိုင်မယ့် တစ်ဦးဦး လိုအပ်နေတယ်ဆိုတာ အဲ့ဒီသူက သူမ ဖြစ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ ကောင်လေးရယ် ။ ထိုနေ့ က သူမရဲ့အလုပ်တွေကို အပျက်ခံပြီး သူ့ ရဲ့စကားတွေကို နားထောင်ပေးခဲ့တယ် လူတစ်ယောက်နဲ့ တစ်ယောက် တစ်ခဏအတွင်း ရင်းရင်းနှီးနှီး ဖြစ်သွားတယ်ဆိုရင် ဒါက ရှေးရေစက်လို့ ခေါ်လေမလား သူနဲ့  သူမ ကတော့ အရမ်းကို ရင်းနှီးသွားခဲ့တယ် ။

သူ့ ရဲ့ စကားတွေထဲမှာ ဘ၀ကို ရိုးသားမှုတစ်ခုတည်းနဲ့  အသက်ရှင်နေတာပဲ ပြီးတော့ အရွယ်နဲ့  မမျှတဲ့တာဝန်တွေကို ထမ်းပိုးထားရတယ် ပညာတက်ကြီင်္းတစ်ယောက်မဟုတ်သလို ၊ လူချမ်းသာတစ်ယောက်လည်းမဟုတ်ပါဘူး သာမန်မိသားစုက လူငယ်လေးတစ်ယောက်ပါ ။ သူ့ ရဲ့ ချစ်ခွင့်ပန်စကားတွေမှာလည်း ရိုးသားမှုတွေထင်ဟပ်နေတယ် '' ကျနော် မ ကိုချစ်တယ် ကျေးဇူးပြု၍ ပြန်ချစ်ပါနော် '' ကဲ...ဘယ်လောက်တောင် တုံးအလိုက်တဲ့ကောင်လေးလဲလို့  သူသာ လိမ္မာပါးနပ်လျှင် ကျမ ရဲ့ မျက်ဝန်းတွေကို ဖတ်တက်ခဲ့လျှင်အစောကြီးထဲက သိနိုင်ပါတယ် ကောင်းလေးရယ် ဘယ်လို အားအင်းမျိုးနဲ့  သူ့ ရဲ့အချစ်တွေကို ငြင်းပယ်ရက်ခဲ့မှာလဲ ။သူမရဲ့ မျက်ဝန်းတွေထဲက သူ့ ပုံရိပ်လေးတစ်ခုကို ၀ိုးတစ်ဝါးလေး ပြောပြခွင့်ပြုပါနော်း) သူ့ မှာ အရမ်းချစ်ဖို့ ကောင်းတဲ့ နှုတ်ခမ်းတစ်စုံ ၊ တောက်ပနေတဲ့မျက်ဝန်းလေး ကြေကွဲရိပ်တွေနဲ့ ပေါ့ ဒါပေမယ့် သူမ သူ့ ရဲ့မျက်ဝန်းတွေကို အရမ်းချစ်တယ် ၊သူက လူချောတစ်ယောက် မဟုတ်ပေမယ့် သူမအတွက်တော့ သူက နတ်သားလေးတစ်ပါးပါပဲ ။

အခု သူ နဲ့  သူမ တစ်နယ်စီဝေးနေပေမယ့် စိတ်ချင်းကတော့အမြဲနီးစပ်လျှက်ပါ သူတို့ အတွက် ဆက်သွယ်မှုဧရိယာတွေမပြတ်တောက်သလို ၊ ဘယ်တော့မှလည်း ဝေးကြမှာမဟုတ်ပါဘူး သစ္စာနဲ့  အတူ ချစ်ခြင်းတွေ ခိုင်မြဲကြစို့ မောင် မဝေးတော့တဲ့တစ်နေ့  ကျမတို့ ပြန်ဆုံကြမယ် ။

မောင်............
ဒီလိုမိုးစက်တွေ အောက်မှာ ဆုံခဲ့ကြသလို
မိုးရေထဲမှာပဲ ကျမ တို့  ချစ်ခဲ့ကြတယ် ။

မောင်..........
ရာသီတွေပြောင်းလဲ မပြောင်းလဲတဲ့ အချစ်နဲ့ 
မောင့်ကိုချစ်နေတယ် ။

မောင်...........
မောင်သာ ကျမရဲ့ အလင်းရောင်
ကျမ ရဲ့အချစ်နတ်သားလေးပါပဲ
ကျေးဇူးပြု၍ မုန်းမသွားပါနဲ့  မောင်
မောင့် ရဲ့ အမုန်းတွေ အောက်မှာ ကျမ သေဆုံးနိုင်လို့ ပါ ။


My Wonderful Moral Thoughts said...

ဖတ်လို့ကောင်းပါ့ရှင်။

အရေးအသားကတော့ Author့ အတိုင်းဘဲ.
တော်လိုက်တါ..

အားပေးနေပါတယ်ရှင်..,

Soe Mya Nandar Thet Lwin

May 20, 2008 12:22 AM

Blogger ညိမ်းညို said...

ကိုမောင်မျိုးရဲ့ ကိုယ်တွေ့ဇာတ်လမ်းလေးပဲဆိုပြီး ခံစားပြီးတော့ ဖတ်လာတာဗျ ps လဲကျရော သူ့ဇာတ်လမ်းမဟုတ်ဘူးတဲ့ တော်တော်နောက်တဲ့လူဗျာ အဟဲ :P ဟိုဘက်ကမ်းက ပြန်ရောက်ပီလားဗျ အားလုံးအဆင်ပြေပါစေဗျာ :) :)

May 20, 2008 12:51 AM

Blogger HEARTMUSEUM said...

ညောင်..........
ရာသီတွေပြောင်းလဲ မပြောင်းလဲတဲ့ အချစ်နဲ့ 
ညောင်ညောင့်ကို ချစ်နေတယ် ။

May 20, 2008 1:23 AM

Blogger နွေမုန်တိုင်း said...

အလဲ့ ဒါမျိုးတွေလည်းရသား :D
~~~~~~~~~~~~~~~~~~
သတ်တော့မသတ်ပါဘူး ပြောပြ ဒိုင်လျှိုလေးပေါ့နော :P

May 20, 2008 9:30 AM

Blogger soemoe said...

မပြောပြလည်းနေပေါ့ ....သိပြီးပြီ...ဘယ်သူလည်းဆိုတာ... :D :P :P

May 20, 2008 9:43 AM

Anonymous ကိုတိုးလေး said...

ကိုမျိုးရေ တစ်ကယ်ခံစားချက်လေးလား သိချင်လိုက်တာနော်။ တစ်ကယ့်အဖြစ်အပျက်လားလို့ပါ။
အရေးအသားကတော့ သြချရလောက်ပါတယ်ဗျာ။ အားပေးနေတယ်နော်။

May 20, 2008 10:27 AM

Blogger ပန်းခရေ said...

အဟင့်ကောင်းပ...
အဟင့်ရေးတတ်ပ..
အဟင့်တော်ပ..
အဟင့်အရေးအသားကထိပ...
အဟင့်ငါတောင်ခံစားတတ်သွားပီ...
မှတ်ချက်။ ။ အရေးအသားကောင်းလွန်းသဖြင့်
ငိုချင်စိတ်ပေါက်သွားသံ..
ဟိဟိ
ရေးထားတာကောင်းတယ်ကွ

May 20, 2008 2:59 PM

Blogger လင်းထက် said...

မယုံနဲ့ကြောင်လေးရေ ကောင်မလေး က ညီ့ကို လှိမ့်နေတာ သတိထား ဟီ ဟိ အတို့အထောင် လုပ်ခြင်းမဟုတ်ပါ ဂုန်းချော ခြင်းဖြစ်ပါသည် :P

May 20, 2008 3:33 PM

Blogger BLACK DREAM said...

သြော်...ပြန်လန်းလာတဲ့ သဘောရှိတယ်...။ ကိုယ်တွေ့လေးတွေကြတော့ လျိုထားပြီးတော့..။ :P

May 21, 2008 2:18 AM

Blogger ရွှန်းမီ said...

အင်း.. နတ်သားလေးအကြောင်းက သနားစရာပါလား။
တကယ့်နတ်လို တန်ခိုးရှိပြီး ပြန်ဆုံနိုင်ပါစေ။ =)
မိုးရွာတိုင်း ငိုချင်ယောင် မဆောင်နဲ့နော် ကိုမောင်မျိုး :-P

May 21, 2008 9:40 AM

Anonymous layma said...

ကြောင်မျိုး...အဲဒါဘယ်သူတုန်း...ဘယ်သူ့ ပုံပြင်တုန်း..။ ကြောင်မျိုးပုံ့ပြင်မဟုတ်တာ စိတ်မကောင်းစရာဘဲ..။

May 21, 2008 5:57 PM

Blogger ein said...

သူမရဲ့နတ်သားဆိုလိုက်ထဲက နင်အဟုတ်လောက်ဘူးဆိုတာ ထင်တော့ထင်သားနော်...း)
အဲဒါဘူတူတုန်းကွ အပြောဘူးဆို ကြောင်ခေါင်းဖြတ်စက်နဲ့ကို ကြောင်မျိုးကို စီရင်ခိုင်းလိုက်မှာနော် ဟင်းးး...ပြောဆိုပြောကွာ ...:P

May 22, 2008 10:25 AM

Blogger မင်းကျန်စစ်။ said...

တကယ်ကတော့ ကိုယ်တွေ့လေး ထင်ပါတယ်ကွာ။ တစ်ပုးလုံး ဖိးအပြည့်နဲ့ ဖတ်ခဲ့ရပီး ps ကျမှ ပြန်လျောမချနဲ့တော့ မရဘူး။ ပြောပြော ကောင်မလေးက ဘူလေးလဲ အဲဒါဘူလေးလဲ။

May 22, 2008 4:13 PM

Blogger ဝေလေး said...

အစ်ကိုတော်ရေ....ရေလည်လန်းတယ်...ကောင်းလိုက်တာ။
ကဗျာလေးကိုပိုကြိုက်တယ်...

July 3, 2008 9:44 PM

Anonymous နွေကဗျာ said...

ဇတ်လမ်းလေးက ဖတ်လို့ကောင်းတယ်
ဘယ်သူဇတ်လမ်းပါလိမ့် ပြောဦးလေ.
ဝေးနေကြတဲ့ သူတွေ အမြန်ဆုံးနီးနိုင်ကြပါစေ.
ညောင်ရေတဲ့ အေးကြည်မတို့လည်း ဘယ်တော့ပြန်ဆုံကြမလည်းတဲ့ အဟဲ.



No comments: