Friday, May 1, 2009

အကြောင်းပြချက်မရှိ

ကြွက်ကလေးတို့  ရွာထဲမှာ ပွဲလာတော့မယ်ပျော်တဲ့သူကပျော် ၊ စိတ်ညစ်တဲ့သူတွေကညစ်နဲ့  ................အင်းးး ကြွက်ကလေးကကော စိတ်ညစ်ရမှာလား မပျော်တာတော့ သေချာတယ် ။ ပွဲလာမယ်ဆို ရွာထဲမှာ ဆူညံမယ် ၊ ပွဲဈေးအတွက် ပြင်ဆင်ကြမယ် ဒီလိုပွဲမျိုး ရွာထဲမှာ ဘယ်နှစ်ခါကျင်းပပြီးပြီလဲ သူကတော့ မွေးထဲက မကြည့်ဖူးသေးဘူး ပွဲမင်းသားကြီးကတော့ တော်တော် အလိမ်အခေါက်ကျွမ်းကျင်တယ် မန်ယူက စီရိုနယ်ဒို လောက်ကတော့ အပျော့၊ ဘာစီက မက်စ်ဆီက အဘခေါ်ရမယ် ၊ဇီဒန်းလို ကမ္ဘာဖလား ဖိုင်နယ် မှာလူတိုင်း အံ့သြမှင်သက်သွားအောင် ဒင်းကြီးကခေါင်းနဲ့ တိုက်ချင်တိုက်အုံးမှာ ဒင်းကြီးမှာ အရှက်ဆိုတာ မွေးကတည်းက ပါမလာဘူး။

ပွဲကြည့်ဖူးတဲ့ ဘိုးတော်ကြွက် ၊ဘွားတော်ကြွက် ကြီးတွေပြောပြဖူးတာတွေကို ပုံပြင်တစ်ပုဒ်လား နားထောင်ခဲ့၇တာတွေကတော့ ဒီပွဲက စွပ်ပြုတ် ပွဲတော်ကြီးပဲ ၀ိုင်းဆရာကလည်း အရက်သမား၊ ကြိုးဆွဲတွေက ကြာကူလီ ၊ပြဇတ်မင်းသမီးတွေရဲ့ အလွမ်းအဆွေ က အင်မတန် ရွံဖို့ ကောင်းတယ်။ အခု ကြွက်ကလေး က တစ်ခြားရွာမှာ နေ့ စားသွားလုပ်နေတယ် သူတို့ ရဲ့ ရွာမှာက ကိုယ့်မိသားစုအတွက် ဆန်တစ်ပြည်ဖိုးမပြောနဲ့  ကိုယ့်ကိုယ်ကိုတောင် မသေရုံ အသက်ရှင်နေရတာ ဒါကြောင့် တစ်ခြားရွာမှာ ဖြစ်သလိုနေနေရတာပေါ့ ။ ဒါပေမယ့် အခု ကြွက်ကလေးလည်း ပွဲအကြိုဆိုင်းသံ ဗုံသံတွေကိုကြားနေရတယ် ကောင်းတယ်လို့  ပြောရမှာလား မကောင်းဘူးလို့  ပြောရမှာလား မကောင်းဘူးလို့ တော့ သွားမပြောလိုက်နဲ့  ဝေ့ ရွာထဲက ဆယ်အိမ်မှူးကြီးက ဆွဲစိလိမ့်မယ်း) ။

ဒါပေမယ့် ဒီပွဲကို သူမှမနှစ်မြို့တာ ပွဲတော်မှာ အချောင်နှိုက်မယ့် သူတွေအတွက်တော့ အမြတ်ကောင်းကောင်းရမယ်။သေချာတာတော့ ကြွက်ကလေး ဒီပွဲကို လုံးဝမကြိုက် ...............ပွဲဆိုတာတော့ ညဘက်မှာပဲ ကတာပဲလေ ညဆိုတာကတော့ သိကြတဲ့အတိုင်း မာယာများတယ် ခြေကင်း လက်ကင်းတွေ ပေါများတယ် ။ ပွဲတော်ကြီးမှာ ဇတ်မင်းသားကြီး ဘယ်လို ကကွက်တွေနဲ့  ကမှာပါလိမ့် အတွေး ပေါင်းများစွာနဲ့  တစ်ခြားရွာမှာ သူတစ်ယောက်တည်း ယောင်ချာချာပါလားနော်။ ဒီပွဲ အပေါ်ကောင်းလားမကောင်းဘူးလား ကြွက်ကလေး ကို Yes or No ဖြေခိုင်းရင်တော့ သူချက်ချင်း ဖြေလိမ့်မယ် No ဘာကြောင့်လဲမမေးနဲ့  အကြောင်းပြချက်မရှိ No ဆို No ပဲ ။



ဇတ်မင်းသားကြီးးး
သူက ဒီပွဲကို သြကာသ သုံးကြိမ်း ဘုရားရှစ်ခိုးပြီးဖွင့်တယ်
ဒါပေမယ့် သူ့ မျက်နှာဖုံးက အတုကြီး
မိတ်ကပ်တွေ က အထပ်ထပ်
အရှက်မရှိ နှုတ်ခမ်းနီက ဆိုးထားသေးတယ် ။

အော်ပရာ အခန်းမှာ ဘယ်လိုပဲ နားဝင်ချိုတဲ့ တေးသံတွေဖြစ်နေပါစေ
အဲ့ဒါ ......မရိုးနိုင်တော့တဲ့ ဓာတ်ပြားဟောင်းသီချင်းတွေပဲ
အသံနေ အသံထားမှန်မှန်နဲ့  ပိရိသတ်ရဲ့ အာရုံစူးစိုက်မှုကို လိုချင်မနေနဲ့ 
State Show အစီစဉ် မှာနုရွလှပနေတဲ့ ပျိုမဒီလေးတွေနဲ့ 
လာမြှူစွယ်မနေနဲ့  ဒီဇတ်လမ်းကို ပွဲကြည့်သူတိုင်းသိတယ်
အဲ့ဒါ....အတုတွေ
နှစ်ပါးသွားအက ကို မြိုင်မြိုင်ဆိုင်ဆိုင် ကကြိုးစုံလင်အောင်က
ဇတ်မင်းသား တို့  တက်အပ်တဲ့ပညာရပ်တွေ နဲ့  ပိရိသတ်ကို လှည့်စားလာတာကြာပြီး ။

ဇတ်ထုတ်တွေ နဲ့  အသနားမခံနေနဲ့ 
ကိုယ့် အထုပ် ကိုဖြေသလိုဖြစ်နေတာ မသိတာလား မသိချင်ယောင်ဆောင်တာလား
နောက်ပိုင်းကို လှလှပပ သိမ်းချင်တယ်တဲ့လား
အရှေ့က လိမ် အနောက်ကပေါ်
အရှက်မရှိတဲ့ ဇတ်မင်းသားကြီး
ရွံစရာကောင်းလိုက်ပုံများ အော့နှလုံးနာတယ်
မကြည့်ချင်ပဲ ကြည့်နေရတဲ့သူတွေက ပြောနေတယ်
ပွဲကပျင်းစရာ ကောင်းလွန်းလို့  အိပ်ငိုက်လာပြီတဲ့
သေချာတယ် ဇတ်မင်းသားကြီးရေ့
ဒီပွဲက လုံးဝ ဇတ်သိမ်းလှမှာမဟုတ်ဘူးးးးးးးးးးးးးးး။




မှတ်ချက်။ ။ ကြွက်ကလေး လည်း ကျမ္မာရေး သိပ်မကောင်းတော့ ခဏခဏ No No နေလို့ ဗျာ။


မှတ်ချက်လေးများ

Anonymous said...

Yes လည်းကောင်းပါတယ် သားကြွက်ရဲ့..။
Yes candy လေ..စားကောင်းတယ်... ပွဲဈေးမှာ ရောင်းပါလား... မြတ်မှာနော...။
လေးမ


မြန်မာပြည်ကိုလွမ်းတယ် said...

လုံးဝ((((((..နိုး....))))))))))))


HEARTMUSEUM said...

သြော်..... ကြောင်လေးလဲ ကြွက်ဖြစ်နေပြီကိုး.....
ကြွက်အော်သံ၊ ကြောင်လိုက်သံတွေ ဆူညံနေလို့
နာလဲ နိုးနေတယ်... x x x ...... အိပ်မရတော့ဘူး.....

အိုး...အချစ်ရယ်....x x x ... No,No x x x ...

HEARTMUSEUM said...

မောင်မျိုးရေ.... အတွေးလေး အရမ်းကောင်းလွန်းလို့ ကြိုက်လွန်းလို့ ပြန်လာဖတ်တယ်။

ဖြိုးဝေယံ(သူ့အတွက်..) said...

ကြွက်ပုံပြင်လာဖတ်သွားတယ် ကိုမျိုးရေ..


၂၀၀၈ မေလ ၁ ရက်နေ့မှာရေးပါသည် ။

No comments: