Friday, May 1, 2009

ပန်းခင်းလေး

ပန်းပေါင်းစုံ ဖူးပွင်နေတဲ့ ဒီ ဥယာဉ်ကြီးတစ်ခုမှာ ပြဇတ်တစ်ပုဒ်နဲ့  တူသော ပန်းမျိုးကို စိုက်ပျိုးတဲ့ ဥယာဉ်မှူးတစ်ဦး ရှိသလို ၊ အလွမ်းအဆွေးတွေကို သီကုံးတဲ့ တယောဆရာတစ်ဦးရဲ့ တီးကွက်တွေ လည်းရှိတယ် ။ဒီရပ်ဝန်းလေးတစ်ခု မှာ အရမ်းကို နွေးထွေ်းကြင်နာတက်တဲ့ ဖေမတက်တဲ့ လက်များ နဲ့  ဖော်ရွေတဲ့ သူတွေ အများကြီးပေါ့ သူလည်း သူ့ ရဲ့ ပန်းခင်းလေးကို အကောင်းဆုံးပြုစု ပျိုးထောင်ခဲ့တယ် အဲ့ပန်းတွေထဲမှာ ပျော်ရွှင်စေတဲ့ပန်း ၊ ၀မ်းနည်တာတွေကို သက်သေပြတဲ့ပန်း -------အိုးး ပန်းတွေကတော့ စုံလို့ ပါ ။ သူငိုရင် ပန်းကလေးတွေ ငိုနေပြီး သူပျော်ရင် ပန်းကလေးတွေလည်း လိုက်လိုက်ပြုံးနေတက်တယ် ဒီပန်းခင်းလေးက သူ့ အတွက် အရိပ်တစ်ခုပါပဲ ။

အခုတော့ သူချစ်တဲ့ ပန်းခင်းလေး ကို မခွဲချင်ပါပဲ ခွဲရတော့မယ် ရွေချယ်စရာတွေ နည်းပါးလွန်းတဲ့ သူတစ်ယောက်အတွက် ဒါမျိုးတွေက မထူးသော မဆန်းသော အဖြစ်တွေပါ သိပ်ပြီး ၀မ်းနည်းစရာတော့မရှိပါဘူး ကျင့်သားရနေပါပြီး ။ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို ဖြစ်သမျှအကြောင်းအကောင်းတွေးလို့  ရဲရဲကြီးသာရှေ့တိုး ရတော့မယ် ။ သူ့ အသံတွေက တုန်နေတယ် လည်ချောင်းထဲမှာ တစ်ခုခု နင်နေသလို စကားလုံးတွေထွက်မလာဘူး ဆို့ နင့်နေတယ် ၊ တွေ့ ကြုံ ဆုံ ကွဲ ဖြစ်မြဲဓမ္မတာ ဆိုတာကို နားလည်ပေမယ့် မဖြေသိမ့်နိုင်တာကို ခွင့်လွှတ်ပါ ။

သူက ဒီပန်းခင်းလေးနဲ့  ဟော့ဒီ ဥယာဉ်ကြီးကို အရမ်းချစ်ခဲ့တာ ပန်းကလေးတွေ အများကြီးကိုလည်းသူဆက်လက်စိုက်ပျိုးချင်သေးတယ် ဒါပေမယ့် အဲ့အခွင့်ရေး သူ့ မှာမရှိတော့ဘူးလေ ဒါကြောင့် သူချစ်သော ပန်းခင်းလေးနဲ့  အတူ ဥယာဉ်ကြီးထဲမှ ပန်းပျိုသူများအားလုံးကို နှုတ်ဆက်ခဲ့ပါတယ် ကံမကုန်တဲ့ တစ်နေ့  ပြန်ဆုံကြအုံးမယ်ထင်ပါတယ် နွေးထွေစွာနဲ့  ကြိုလင့်လှည့်ပါအုံးးး ။


နွေမုန်တိုင်း said...

ငါ့စိတ်တွေမခိုင်တော့ဘူး မောင်မျိုးရာ :( အမှတ်တရ ပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ်။ အဲဒီပန်းခင်းလေး ထဲကိုငါတစ်နေ့ပြန်လာမယ်။ ရောက်အောင်ကိုပြန်လာမယ်ကွာ ။ အချိန်တစ်ခုတော့ ငါ့ကိုပေးပါ ။ငါကတိပေးတယ်။

May 28, 2008 4:06 PM

Blogger BLACK DREAM said...

စိတ်မကောင်းဘူးကွာ :( ဘာပြောရမှန်းမသိဘူး..။ ကိုယ့်မှာ ပြောစရာ စကားလုံးတွေ ရှားကုန်ပြီ..။

May 28, 2008 6:38 PM

Blogger ညိမ်းညို said...

ဒီလိုမျိုးပို့စ်တွေဖတ်ရရင် စိတ်မကောင်းဘူးဗျာ ...
အားလုံးအဆင်ပြေပါစေဗျာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် နွေးနွေးထွေးထွေးကြိုဆိုနေပါမယ်ခင်ဗျာ

May 28, 2008 8:16 PM

Blogger Apprenticeship said...

Bar lo le??

May 28, 2008 9:49 PM

Anonymous ကိုတိုးလေး said...

ပို့စ်လေးဖတ်ရတာစိတ်မကောင်းပါဘူးကိုမျိုးရာ။ တစ်နေ့ကျွန်တော် အဲဒီပန်းခင်းလေးထဲကို ရောက်အောက်လာခဲ့မယ်နော်။

May 29, 2008 2:54 PM

Anonymous ဟန်သစ်ငြိမ် said...

မလွမ်းပါနဲ့ဆိုဂျာ... လာလာလွမ်းနေတယ်... တားတားငိုဂျင် လာပြီနော်ဂျာ... တိတ်ချိုးတဲ့ လူဂျီး... ဟီး ဟီး... ဟီး။

May 29, 2008 4:05 PM

Anonymous layma said...

ဘာတုန်း..
ဒါက ဘာသဘောတုန်း...

May 29, 2008 6:25 PM

Blogger လင်းထက် said...

ပန်းပျိုးသူတွေ လျှော့ကုန်ပြီကွာ ဆိုးတာက ကိုယ့်ညီကို တွေဖြစ်နေတာက ဆိုးတာ စိတ်ကို မနဲတင်းထားရတယ် ကိုယ့်ဥယျာဉ် ကိုဆက်လက် ပျိုးထောင်ဖို့...။

May 29, 2008 7:10 PM

Blogger HEARTMUSEUM said...

အင်း...... ပန်းပျိုးသူတယောက် လျှော့သွားပြန်ပြီပေါ့။



No comments: