လှေငယ်တစ်စင်း လောကပင်လယ်ကြီးထဲ ရွက်လွှင့်ခဲ့တာ
ဒီနေ့  ရက်ပေါင်း ( ၇၃၀) ပြည့်သွားတဲ့နေ့ 
လေကြမ်းတွေလည်း တိုက်ခံရဖူးတယ် ၊
ဆည်းဆာရဲ့ အလှကိုခံစားရတဲ့
အချိန်တွေလည်း ရှိခဲ့ဖူးတယ်
လဲကျတဲ့အခိုက် ပြန်ထတဲ့ အခါတွေရှိသလို
စိတ်ဓာတ်တွေလည်း ဟိုးးး အနက်ရှိုင်းဆုံးထိ ထိုးကျခဲ့ဖူးသေးတယ်။
ပြောင်းလဲလွန်းတဲ့ အကြောင်းတစ်ရားတွေထဲက
မပြောင်းလဲတဲ့အရာတွေကတော့
အမေ၀ယ်ပေးလိုက်တဲ့
(၂၆၀၀) ကျပ် တန် ဦးဂျမ်း လုံချည်တစ်ထည် ကို
အခုချိန်ထိ စွဲစွဲမြဲမြဲ သုံးနေသေးတာရယ်
ညသန်ခေါင်းမှာ အခန်းထဲက ထထအော်တက်တဲ့ *တောက်တဲ့* တစ်ကောင်ရဲ့ အော်သံ နဲ့ 
အပေါစား နာရီတစ်လုံး ရဲ့ စက္ကန့် လက်တံ လှည့်သံ တွေသာ မပြောင်းလဲပဲရှိနေတယ် ။
ဒီ ရက်ပေါင်း ( ၇၃၀) မှာ
နှုတ်ခမ်းမွှေး ခဏခဏ ရှည်လာတာက လွဲလို့ 
ညာဘက်ပါးပေါ်မှာ ၀က်ခြံ တစ်လုံးက
နွေ၊မိုး၊ ဆောင်း ဥတုသုံးပါးစလုံးမှာ နေရာ ယူနေတာကလွဲလို့ 
(၁၂)ဘတ် တန် ပဲနို့ အချိုရည် ကို နှစ်နှစ်ခြိုက်ခြိုက် သောက်တက်လာတာက လွဲလို့ 
အသီးရွက်နဲ့  ၀က်သားကို အနပ်ပေါင်း (၁၄၆၀) မရိုးနိုင်ပဲ မြိုချခဲ့ရတာက လွဲလို့ 
မတည့်မှန်းသိတဲ့ (မာမား) ခေါက်ဆွဲ ကို တစ်ပါတ် ၃ ခါ တော့မရရအောင် ခိုးစားတာကလွဲလို့ 
တစ်စုံတစ်ယောက် သော သူကို အမှတ်မထင် ချစ်ခဲ့မိတာက လွဲလို့ 
..............................................လွဲလို့ 
ဘာဆိုဘာမှမပြောင်းလဲသေးဘူး။
ဒီ ရက်ပေါင်း ( ၇၃၀) မှာ
အလိုမကျတဲ့အကြိမ်တွေ များများလာတဲ့အခါ
ကြားလျှက်နဲ့  နားကန်းနေသလို
မြင်နေလျှက်နဲ့  မမြင်ယောင်ဆောင်နေတက်လို့ 
တစ်ချို့ ချို့ တွေက လူ့ ဂွစာ လို့ ကွန်ပွန်းတပ်ကြတယ်
ပတ်ဝန်းကျင်ကို အမြဲနားလည်နိုင်အောင်ကြိုးစားနေပေမယ့်
ကိုယ်ကိုယ်ကို ဘယ်တော့မှ နားလည်ဖို့ မကြိုးစားမိဘူး။
အခု...........................
ဟန်ဆောင်လောက ရဲ့ ချစ်ခြင်းမေတ္တာနဲ့ 
ပကာသန အသိုင်းဝိုင်းကြားမှာ
ဘယ်ဘက်လက်က ဖြစ်သင့်တဲ့ ရေပုံးကိုဆွဲ
ညာဘက်လက်က မာနတွေကို ထုတ်ပိုးဖို့  ကျန်ကျောင်း ကျွတ်ကျွတ်အိတ် တစ်လုံကိုဆောင်
လမ်းကြမ်းကြမ်းတွေကို ဆက်လျှောက်ဖို့  သည်းခံခြင်းဖိနပ်တစ်ရံကို စီးနင်းရင်း
ငါ.............ဆက်လျှောက်ရမယ်
နုမနေနဲ့  ညုမနေနဲ့  ကောင်လေး
ဘ၀ က အဆင်ပြေတာတွေ များလွန်းရင် ပျော်စရာမကောင်းတော့ဘူးး
ဟိုးး----အရှေ့မှာ မှုန်ဝါးဝါး မြင်နေရတာ ပန်းတိုင်မဟုတ်ဘူး
ချောက်ကမ်းပါ တစ်ခု ခုန်သာချလိုက်
တစ်ခါတည်း အနိစ္စသဘော နဲ့  ကိစ္စလျှောသွားအောင် :P.......................။
Friday, May 1, 2009
Subscribe to:
Post Comments (Atom)
ညီလေးရေ ကဗျာဖတ်နေတာဟ မင်းကတော့လေ ကဗျာဖတ်ပီးကြွေနေပါတယ်ဆိုမှ အဆုံးကျမှ :P အင်းလေ ဒါကိုက မောင်မျိုးရဲ့ စတိုင်ဆိုပီး နာမည်ကြီးနေတာပေါ့ :D
အားလုံးအစစအရာရာအဆင်ပြေပါစေဗျာ :)
May 24, 2008 3:19 PM
အဲဒီရက်ပေါင်း ၇၃၀ အတွင်းမှာ အသိတစ်ခုထပ်ရှိသေး တယ်လေ မရေးတော့ဘူးလား ရေးမယ့်ရေး အကုန်ရေး တာဟုတ်ဖူး အဟီး နောက်တာ :D
နောက်ထပ်ရောက်လာမယ့်ရက်ပေါင်းများစွာမှာ အနက်ရှိုင်းဆုံးထိ ထိုးကျခဲ့ဖူးတဲ့စိတ်ဓါတ်တွေကို အသိစိတ်နဲ့ဆွဲတင်ပြီး ခရီးဆုံးထိရွက်လွင့်နိုင်ပါစေကွာ .
May 24, 2008 3:47 PM
နုမနေနဲ့.. ညုမနေနဲ့ ကောင်လေး..
မိုက်တယ်.. ကိုကြောင် ..
နှုတ်ခမ်းမွေး ခဏခဏ ရှည်လာသလား.. :-P
ဒီလိုပါပဲ.. ဘ၀ကို သုံးသပ်တယ်ဆိုတာ..
တခါတခါ မှုန်ဝါးဝါးရယ် .. ဘာမှန်း မသိဘူး။
May 24, 2008 5:37 PM
မောင်မျိုးလုပ်ပုံနဲ့တော့ ပန်းတိုင်တောင် ရောက်အောင် မလျှောက်ရဲတော့ဘူး .. :P
May 24, 2008 6:03 PM
ဟိတ်ဟိတ်. မလုပ်နဲ့။ အဲဒါချောက်ကမ်းပါး မဟုတ်ဘူး။ မိလ္လာတွင်းကြီး။ မှားမယ်။ :D
May 24, 2008 9:01 PM
နုမနေနဲ့.. ညုမနေနဲ့ နှုတ်ခမ်းမွှေးနဲ့  ကြောင်လေး..
ဟေး..ဟေး...။
ငိုချင်သလို..ရယ်ချင်သလို...မချိုမချဉ်မလုပ်နဲ့ ...။
May 24, 2008 10:32 PM
သည်းခံခြင်းဖိနပ်တစ်ရံကဘယ်လောက်ပေးရလဲဟင်...
;)
May 25, 2008 8:42 AM
အကုန်ကောင်းတယ်ကွာ အဆုံးသတ်ကျမှ ကြောင်မျိုးဇာတိပြတာပဲ
:D
ရှေ့ဆက်ပြီး အားမလျှော့တမ်းလျှောက်ပါကွာ
တနေ့နေ့ နေခြည်နွေးနွေးအောက်က အိမ်ကလေးကိုပြန်ရမှာပေါ့
မုတ်သုန်စကားငှားပြီးပြောလိုက်မယ်
ဘာမှဝမ်းနည်းနေစရာမလိုဘူး
by the way, commentရေးတိုင်း word verification ကြီးလုပ်နေရတာက မမိုက်ဘူးကွာ :D
May 25, 2008 10:16 AM
ကျွန်တော်ဆိုရင်တော့ ရက်ပေါင်း ၇၃၀ မသွားနိုင်ဘူး လို့ထင်တယ်ကိုမျိုးရေ။ စိတ်ဓာတ်တွေ လဲကျနေတာလား ပြင်ဆင်လိုက်အုံးပေါ့ဗျာ။ အသည်းနှလုံး ပြင်ဆင်နေပါသဖြင့် ဘယ်သူ့ကိုမှာ ဝင်ခွင့်မပေးပါလို့ပေါ့ ကိုမျိုးရာ။ ဟား..............
May 25, 2008 11:16 AM
အရေးအသားကတော့ ကောင်းမှကောင်းပဲ မောင်မျိုးရေး) တလျှောက်လုံး သေချာခံစားလာပြီး အဆုံးကျမှ လုပ်ချလိုက်ပြန်ရော... မောင်မျိုးရဲ့ပို့စ် မပီသမှာ စိုးလို့ထင်တယ်း) အစ်မလည်း သည်းခံခြင်းဖိနပ်တရံကို စီးရင်း ဆက်လျှောက်နေရတာပါပဲ။ ပန်းတိုင်ရောက်အောင် ဆက်လျှောက်ကြတာပေါ့။ (ချောက်ကမ်းပါးဘက်တော့ မသွားပါနဲ့ မောင်လေးရယ်း)) လျှောက်နေတဲ့လူအတွက် ရောက်ကိုရောက်သွားမှာပါ။ ပျော်ရွှင်ငြိမ်းချမ်းပါစေ မောင်လေးရေ...
May 25, 2008 1:45 PM
ဒိုင်ရာယီ နဲ့များ သေချာမှတ်ထားလား ရက်တွေ ကို ဘာလုပ်လဲဆိုတာတွေ ထမင်းဘယ်နှစ်နပ် ဆိုတာတွေ:D
May 25, 2008 2:34 PM
ကြုံရင်ကျန်ကျောင်းအိတ်ခဏငှားမယ်ဗျ.....
မိုးရွာရင်ခြုံဖို့.........
အဆင်ပြေပါစေဗျာ.............
May 25, 2008 6:36 PM
အဖန်ငါးရာ ငါးကမ္ဘာနော် ... :P
May 25, 2008 6:48 PM
စာသားတွေက မိုက်လှချည်လား... ခံစားမှု့တွေ ခံစားမှု့တွေ... ရင်တွင်းဖြစ်တွေ ရင်တွင်းဖြစ်တွေ... ဒါကြောင့်မို့ နာမည်ကြီးနေတာ... ခံစားမှု့တွေ ပြင်းထန်လိုက်တာ...
May 26, 2008 4:11 AM
ကြောင်ပါဆို နှုတ်ခမ်းမွှေး
ခဏခဏ ရှည်မှာပေါ့ဟ D;
နုမနေနဲ့  ညုမနေနဲ့  ကောင်လေး
ဘ၀ က အဆင်ပြေတာတွေ များလွန်းရင် ပျော်စရာမကောင်းတော့ဘူး။
မိုက်တယ်ကွ.... အဲဒီအတွေးလေးကောင်းတယ်ဟ။
May 26, 2008 12:32 PM
အေး ငါလည်း သေချင်တယ်...
မင်းတော့ ငယ်သေးတယ်..
မသေနဲ့ဦး...
ငါအရင်သေမယ်...
ဟုတ်ပြီလား...
ဆက်တက် ရဲဘော်...
ရှေ့မှာတောင်ကုန်း...
တောင်ကုန်းကျော်လိုက်ရင်...
သားရဲပေါတဲ့ချိုင့်ဝှမ်း...
ငါတော့ ဒီတောင် ကျော်နိုင်မယ်မထင်တော့ဘူး...
မင်းကတော့ ဆက်သွားရလိမ့်မယ်..
ဒါပဲ ဆက်လုပ်....
May 26, 2008 5:08 PM
အရှုတ်တွေလုပ်နေရလို့ လာမလည်နိုင်တာပါ မောင်မျိုးရေ.. ကောင်းမိကောင်းရဲ့ ဖတ်နေရာကနေ အဆုံးကျမှပဲ ချောက်ကမ်းပါးကနေ ခုန်ချရသလားဟ.. ဆွဲထားပါရစေဦး... :P
May 26, 2008 7:48 PM
လုပ်ချလိုက်ပြန်ပီ .... ဟားဟား မိုက်တယ် ..။
May 26, 2008 10:10 PM
လမ်းကြမ်းကြမ်းတွေကို ဆက်လျှောက်ဖို့  သည်းခံခြင်းဖိနပ်တစ်ရံကို စီးနင်းရင်း
ငါ.............ဆက်လျှောက်ရမယ်။
really great bro...!!! Cheers..!! Keep it up!! Let's jump together to that RAVINE...!!!
May 27, 2008 8:45 PM
နောက်ဆုံးတော့ ချောက်ထဲကိုခုန်ချခိုင်းလိုက်တာပဲ။
:P
May 29, 2008 5:42 PM
အား.......ဖတ်ကောင်းကောင်းနဲ့ဖတ်လာတာ....
နောက်ဆုံးချောက်ထဲခုန်ချခိုင်းတယ်.....ဟွန့်.....
July 18, 2008 5:43 PM
အင်း ရက်ပေါင်း ၇၃၀ ၇၃၀ ၇၃၀
ချောက်ထဲတော့ ခုန်မချပါနဲ့ .
ပန်းတိုင်ကိုပဲ လျှောက်ပါနော် ရောက်မှာပါနော်.