Friday, May 1, 2009

ပြဇာတ်

တစ်ခန်းရပ်ပြဇတ်များ

လူတန်းစား ပေါင်းစုံးနေထိုင်ရာ ဒီမြို့ လေးမှာ လူမျိုးတူခြင်း ကူညီရိုင်းပင်းတက်တဲ့သူတွေ ရှိသလို ၊ အချင်းချင်းခေါင်းပုံဖြတ်မှုတွေ ရှိတယ် ၊ ဘ၀တူချင် စာနာနားလည်ပေးနိုင်တဲ့သူတွေ ရှိနိုင်သလို မေတ္တာတရားခေါင်းပါးတဲ့ သူတွေလည်းရှိနေသေးတယ် ။စားသောက်ဆိုင်တွေ မှာပျော်ပါးနေတဲ့ သူတွေ ရှိသလို ၊ ညဘက်ပါ မနားမနေနဲ့  ပင်ပင်ပန်းပန်းလုပ်နေရတဲ့ သူတွေ ရှိတယ်။ ဒီမြို့လေးမှာပေါ့ ခံစားချက်တွေကို မြေမြှပ် သည်းခံခြင်းတရားဆိုတာတွေကို လက်ကိုင်ထားပြီး ရှင်သန်နေထိုင်နေရတဲ့သူတွေ့ ရဲ့ဘ၀ ကို သင် ဘယ်လို မျှဝေခံစားပေးနိုင်မလဲ??? အကြောက်တရာတွေက ညစဉ်အိပ်မက်တွေလို သူတို့ ဘ၀ကို ခြောက်လှန့် နေတယ် ကိုယ့်အသက်ကိုယ်တောင် အာမ မခံနိုင်တဲ့ ဒီလိုမြို့ လေးမှာ ဘာကြောင့် သူတို့ တွေ နေထိုင်နေရသလဲ ပြဇတ်ပေါင်းများစွာထဲက မလှပတဲ့ တစ်ခန်းရပ်ပြဇတ်တွေလို့  ဖွင့်ဆိုမိရင် ပိုတယ်လို့ မဆိုနိုင်ဘူးထင်တယ် ။


ပြဇတ်(၁)

ည( ၁၀ ) နာရီ ၀န်းကျင်း နေထိုင်ရာ တန်းယား အတွင်းသို့  ဆယ်ဘီးကား ၂ စီး ရဲ့ မောင်နှင်သံနဲ့  အတူ ကျနော့်ရဲ့ အချက်ပေးသံ '' ဟေး ဟေး... ထကြတော့ ထကြတော့ ငါးကား ၀င်လာပြီကွ '' ဒီအသံကတော့ အသင့်တင့်လို ဆိုနိုင်တဲ့ ငါးဒိုင်း အလုပ်ရုံတစ်ခုရဲ့ ခေါင်းဆောင်းလို့  သတ်မှတ်ထားတဲ့ ကျနော့်ရဲ့ အသံပါပဲ ။ဒီလို အိပ်ကောင်းနေတဲ့အချိန် ကိုယ်တိုင်တောင် မထချင်ပဲ သူများကိုယ်လည်း ဘယ်နှိုးချင်ပါ့မလဲ ဒါပေမယ့်လည်း အလုပ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ ။ အိပ်ယာ သိမ်းတဲ့ သူသိမ်း၊ အလုပ်အင်္ကျီဝတ်တဲ့သူက၀တ် ( ကျနော်တို့ အလုပ်က ငါးရွေး ငါးထမ်းတဲ့ အလုပ်ဆိုတော့ ရှင်းရှင်းပြောရရင် အနံ့ အသက်မကောင်းဘူးပေါ့ဗျာ ) ။ ငါးကားလည်း ရုံထဲကို ဆိုက်တာနဲ့  ကားပေါ်က ငါးပုံးတွေကို ချတဲ့သူချ ၊ ရေခဲတုံးထုတဲ့သူထု ပြီး ငါးရွေးတဲ့ သူက ရွေး နဲ့ တစ်ချို့ တွေအိပ်ကောင်းနေတဲ့ အချိန်မှာ သူတို့ တွေကတော့ အလုပ်ထဲမှာ အသံတွေက ဆူညံနေတာပေါ့ ။

ကောင်ကလေး ၂ ယောက်ရဲ့ တီးတိုးသံ ကျနော်ကြားရင်းပြုံးမိတယ်
'' ဟေ့ကောင်.....ဖိုးကျော် မင်းအခုရွေးနေတဲ့ ငါးအကောင်ကြီးကြီး တစ်ကောင်လောက် ကစ်ထားလိုက်စမ်းကွာ ''
''ဟားး...မင်းကလည်း ငါ့ကို ဆဲခံထိအောင်လုပ်နေပြန်ပြီကွာ ''
'' မင်း ညနေကမတွေ့ ဘူးလား ရုံမှာ အလုပ်သမားတွေကို ချက်ကျွေးဖို့  ညနေက သူဌေးမ ဈေးက ၀ယ်ခဲ့တာ ၁၀ ဘတ်တန် ဂေါ်ဖီထုပ်ကွ ''
'' ဟေ...ညနေကပဲ ချဉ်ပေါင်ဟင်းစားပြီးပြီလေ လာပြန်ပြီလား ဂေါ်ဖီ ''
'' အေးပါဆို.......... ''
'' ကစ်မယ်ကွာ....ရော့ မင်းကတစ်ကောင် ငါကတစ်ကောင် ညနေ ကိုယ့်ပါသာချက်စားမယ် ''

အင်းးးးးးးးး ကျနော်ကြားနေပေမယ့် လည်း မကြားချင်ယောင်ဆောင်နေလိုက်ပါတယ် ကိုယ့် ညီအရွယ်လေးတွေ အလုပ်ကပင်ပန်းရတဲ့အထဲ အစားသောက်ကမကောင်း ရတဲ့ လစာလေးကျတော့လည်း အမေ နေမကောင်းလို့  ပို့ ရတဲ့သူနဲ့  ၊ ညီ ...ညီမလေးတွေ ကျောင်းစရိတ်ပို့ ရတဲ့ သူနဲ့  ဆိုတော့ ကျနော်ဘယ်လို ဆူလို့ ထွက်မှာလည်းဗျာ ။ သူငယ်ချင်းတို့ ကော ကျနော့်နေရာမှာဆို ဘယ်လို ဆုံးဖြတ်ကြမလဲ ကျနော်ကတော့ ပိုင်ရှင်သိလို့ အလုပ်ထုတ်ခံရရင် ခံရပါစေ ဘ၀ကြမ်းကြမ်းတွေကို စာနာလွန်းလို့ ပါ ။သမုဒ္ဒရာ ၀မ်းတစ်ထွာ မို့ ပဲပေါ့ နို့ မဟုတ်၇င်တော့ ဒီလောကမှ အသက်ရှင်ဖို့ တောင်မကောင်းတော့ဘူးးးးးးးး။


ပြဇတ်(၂)

မုန်တိုင်းသတင်းတွေ ကြားရ ၊ သတင်းလိုင်းတွေမှာ မှာ ကြည့်နေရတာနဲ့  စိတ်မချမ်းသာလိုက်တာနော် ။ အိမ်ကော ဘယ်လိုနေသေးလဲ မသိ ငါတို့ မြို့ လေး ဘာမှမဖြစ်ဘူးဆိုပေမယ့် စိတ်တော့ ပူမိသေးတယ် အိမ်မှက ဘယ်သူမှရှိကြတာမဟုတ် ဖုန်းကလည်း ခေါ်မရပါလားနော်း( ဘာမှမဖြစ်လို့ ထင်တယ် တစ်ခုခုဖြစ်ရင်တော့ အိမ်ကတစ်ယောက်ယောက်တက်လာမှာပဲ စိတ်တွေကပူ ၊ အလုပ်ထဲလည်း စိတ်ကမရောက် နေရတာ ထိုင်းထိုင်းမှိုင်းမှိုင်း နဲ့  သက်ပြင်းက လည်း ချရပါ များလွန်းလို့  ရင်ဘတ်တောင်အောင့်နေပြီးးးးးးးးးးးးးးး။

ညနေ ၅ နာရီ ကျော်ကျော် အိမ်ရှေ့က အစ်မ တစ်ယောက်
'' သက်ဦးရေ့....ဖုန်းလာနေတယ်ဝေ့ ''
" ဟုတ်ကဲ့ ..ဟုတ်ကဲ့ '' ..............အိမ်ကပဲ ဖြစ်မယ် ........ဟူးးး ဘာမှမဖြစ်ကြပါစေနဲ့ လို့  သာ ဆုတောင်းရမှာပဲ ။
''ဟယ်လို ............အငယ်ကောင်လားးး''
''ဟုတ်ကဲ့ .....မကြီး ပြော ဘာဖြစ်ကြသေးလဲ အိမ်မှာ စိတ်ပူနေတာ ဖုန်းလည်းဆက်မရ ''
''အေးး...သိတယ် အိမ်မှာ ဘာမှမဖြစ်ကြပါဘူး ဒါပေမယ့် နင့် မလေး တို့  ကွမ်းတွေ စိုက်ထားတာ အခု မုန်တိုင်းဝင်တော့ အကုန်လုံးပြိုကုန်တယ်''
ဟင်း.................ဒုက္ခ အိမ်ထောင်ကျထားတာက မကြာသေး ကလေးကလည်း အငယ်လေးတွေ ရှိသေးတယ် သူ့ ယောက်ျားကလည်း ရိုးရိုးအအ စိတ်ညစ်လိုက်တာ။
''ကွမ်းတွေ စိုက်ထားတာတောင်မကြာသေးဘူး ဖြစ်ပြန်ပြီနော် စိတ်ညစ်လိုက်တာ ''
''အေးလေ....
အဲ့ဒါ ငါ့မောင် အဆင်ပြေရင် နင့်မလေး အတွက် ပိုက်ဆံ ပို့ လိုက်အုံးနော် အစ်မလည်း ဒီမှာ ပိုက်ဆံတွေ လွန်ထားလို့  ''
''ဟား..........လုပ်ပြန်ပြီး
သူတို့  ကွမ်းစိုက်တုန်းက အရင်နှီးလိုတယ်ဆိုလို့  ကျနော်ပဲ ပို့ ထားရတာ ဘာမှန်းလည်း မသိဘူးး ''
''အော်............
ငါ့မောင်ရယ် ကိုယ့် ညီကိုမောင်နှမအဆင်မပြေတော့ ဘယ်လိုလုပ်မလဲ လိမ္မာတယ်နော် ဒီတစ်ပါတ် ဈေးလာတက်ဝယ်မယ့် ဒေါ်စန်းနဲ့ ထည့်ပေးလိုက်နော် ''
'' အောက်ပြန်ဆင်းမလို့  စုထားတာလေးတော့ ကုန်ပြန်ပြီးး ''
''အေးပါ.....နောက်လတွေ နင့်ပါသာ စုထားလိုက်တော့ မပို့ နေနဲ့  ကြားလားးး ''
''ဟုတ်...ဟုတ် အဲ့ဒါဆိုလည်းး ထည့်ပေးလိုက်တော့မယ် ဘယ်တက်နိုင်မလဲ ''

သူ့ ကတော့ အလိုမကျသံတွေနဲ့  ပြန်ပြောလိုက်ပေမယ့် တကယ်ဖြစ်လာတယ်ဆိုတော့လည်း ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ မှသူစိမ်းမဆန်နိုင်ဘူးလေ သွေးကစကားပြောလာတယ် ။ အင်းးးးးးး...............ဒီလ အ၀တ်စားဝယ်မယ်လို့  စိတ်ကူထားတာလေးတောင် မ၀ယ်ဖြစ်ပဲ စုထားတာလေး ပေးလိုက်အုံးမယ်လေ အိမ်ကတော့ ပြန်ရမှာပေါ မသေခင်တစ်နေ့  ။ ရောင်းရင်းတို့ ကော ကိုယ်လွတ်ရုန်းနိုင်တဲ့ အခြေနေမျိုးဖြစ်ပေမယ့် ကိုယ့်ရဲ့ ခံစားချက်တွေကို ဦးစားမပေးပဲ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်လိုက်ရတဲ့ သူတစ်ယောက်ကို ဘယ်လို သုံးသပ်မလဲ ???????????????။

P>S= ကျနော့် ၀န်းကျင်တွင် မြင်တွေ့ ရသောဘ၀တူု အလုပ်သမားတစ်ချို့  ၏ ဘ၀အပိုင်းစ များကို မျှဝေခံစားရေးဖွဲ့  ပါသည် ။


နွေမုန်တိုင်း said...

ပြဇာတ်(၃)......
အားလုံးရဲ့အဝေးကို ငါထွက်ခဲ့ရပြီ။သူတို့အားလုံး ကိုငါမြင်နေရပေမယ့် သူတို့ကတော့ငါ့ကို မေ့နေကြပြီ။ ဟာ ...ဟိုရှေ့မှာ ဒီကမ္ဘာမှာ ငါ့ကို အချစ်ဆုံး ဆိုတဲ့ ချစ်သူ ... သူ့ဘေးမှာ ငါမဟုတ်တော့တဲ့ တစ်ခြားတစ် ယောက်နဲ့ပါလား။ ငါပါဝင်ခဲ့တဲ့ပြဇာတ်က တစ်ခန်းရပ် ခဲ့ပြီပဲ။ သူတို့ ဇာတ်လမ်းသူတို့ ပြီးအောင်ကပါစေ.. ငါကတော့ ခပ်ဝေးဝေးကနေ စောင့်ကြည့်မယ်။

May 13, 2008 5:44 PM

Anonymous မုတ်သုန် said...

ကြောင်ဆရာရေ...

မင်းတို့ ငါတို့ ဘ၀က ...
အတိရောက်နေကြတဲ့ သူတွေထက်စာရင်တော့..
အများကြီးတော်ပါသေးတယ်ကွာ...
ငါတို့ဝမ်းနည်းတယ်..
ငါတို့ပူဆွေးတယ်..
လုပ်ရမယ်သူတွေမလုပ်ကြတဲ့အခါ..
လုပ်သင့်သူတွေ မျက်နှာလွှဲကြတဲ့အခါ..
ငါတို့စိတ်တွေက ဒီအတိုင်းတော့မနေခဲ့ကြပါဘူး..
နောင့် ငါတို့ရဲ့စိတ်နဲ့ပ်လာခဲ့တဲ့ လုပ်ရပ်တွေကလည်း...
ဒီအတိုင်းထိုင်မနေခဲ့ပါဘူး...
ဒါပေမယ့်...
ငါတို့နိုင်သလောက်ကူညီကြတယ်..
ငါတို့လုပ်ပေးနိုင်တာ ...
ဘယ်လောက်အထိကြာမလဲ..
ငါတို့ကိုယ်တိုင်ကရော...
ဘယ်လောက်အထိ တောင့်တင်းပြည့်စုံနေသလဲ..
လူတစ်သိန်းကျော်သေတယ်..
သန်းနဲ့ချီပြီး အိမ်ယာမဲ့...
အစားအသောက်တွေ ပြတ်ခဲ့ကြတယ်...
သူတို့တွေရဲ့အနာဂတ်..
ကူညီမှုတွေဆက်ရှိနေမယ်..
လူသားချင်းစာနာတဲ့သူတွေက..
သူတို့တွေကို ဒီအတိုင်းတော့ထားခဲ့မှာမဟုတ်ဘူး..
အဲဒါတွေကရော ဘယ်နှစ် နှစ်အထိလဲ...
ဆွေမျိုးမဲ့.. အလုပ်အကိုင်မဲ့.. အနာဂတ်မဲ့..
ကျန်နေခဲ့သူတွေရဲ့စိတ်ဒဏ်ရာ..
သူတို့တွေရဲ့ စိတ်အနာ...
အဲဒါတွေက ဘယ်အချိန်ရောက်မှ..
ပျောက်ကင်းကြရမှာလဲ...
အသက်ရှင်နေတာတစ်ခုကိုပဲ ...
အားတစ်ခုအဖြစ်မှတ်ယူပေးပါလို့..
ပြောခဲ့တဲ့ ငါ့အားပေးစကားကို..
အသက်ရှင်နေပြီး ကျန်နေခဲ့တဲ့သူတစ်ယောက်က..
သေတာကမှ ပိုကောင်းပါသေးတယ်အစ်ကိုရာ.. ဆိုပြီး..
မေးကြောတွေထောင်ထနေအောင်..
အံ့ကြိတ်ဖြေရင်း ချုံးပွဲချ ငိုကြွေးခဲ့တဲ့..
ယော်ကျာ်းရင့်မာကြီးတစ်ယောက်ကိုတောင်..
ငါ ဘာမှပြန်မပြောပြနိုင်ခဲ့တော့ပါဘူးကွာ....

တောင်ထဲတောင်ထဲရောက်
ဗိုလ်မုတ်သုန်

May 13, 2008 6:54 PM

Blogger BLACK DREAM said...

ညီလေး မင်းပြောတဲ့ ဇာတ်လမ်းကိုသာမကဘူး..။ အဲဒီ့ ဇာတ်လမ်းနောက်က အကြောင်းအရာတွေကိုရော..။ တရားခံတွေရော အားလုံးကို မြင်ရောင်လာတယ်ကွာ..။

May 13, 2008 8:24 PM

Blogger ရွှေပြည်သူ said...

မောင်မျိုးရေ... ဖတ်ပြီး ရင်ထဲမှာမကောင်းဘူး။ ခံစားရတာတွေလည်း များနေပါပြီ။ ပို့စ်တစ်ခုလုံးဖတ်ပြီး အများကြီးတွေးနေမိတယ် မောင်လေးရေ...

May 13, 2008 9:50 PM

Blogger ညိမ်းညို said...

ကိုမောင်မျိုးမှာ နောက်ထပ်တခန်းရပ်ပြဇာတ်တွေအများကြီးရှိဦးမယ်ထင်ပါတယ်။
ဆက်လက်ရေးသားပါဦးခင်ဗျာ။ ခဏနဲ့ဖတ်လို့ပြီးပေမဲ့ နောက်ဆက်တွဲ တွေးကျန်နေရတာတော့ အများကြီးပါပဲ။ အားလုံးအဆင်ပြေပါစေ ပျော်ရွှင်ပါစေဗျာ :) ကိုမောင်မျိုးဆိုလို့ လန့်သွားလားကွ။ ဟဲ..ဟဲ နောက်တာညီလေးရေ

May 14, 2008 5:21 AM

Blogger HEARTMUSEUM said...

မောင်မျိုးရေ...
လူမျိုးတူခြင်း ကူညီရိုင်းပင်းတတ်တဲ့သူတွေ ရှိသလို ၊ အချင်းချင်း ခေါင်းပုံဖြတ်မှုတွေ ရှိတယ် ၊ ဘ၀တူချင် စာနာနားလည်ပေးနိုင်တဲ့သူတွေ ရှိနိုင်သလို မေတ္တာတရားခေါင်းပါးတဲ့ သူတွေလည်းရှိနေသေးတယ်။
နိုင်ငံတနိုင်ငံမှာ အချင်းချင်း ခေါင်းပုံဖြတ်တဲ့သူ၊ မေတ္တာတရား ခေါင်းပါးတဲ့ သူတွေက ကူညီရိုင်းပင်းတတ်တဲ့သူ၊ စာနာနားလည်ပေးနိုင်တဲ့သူ တွေထက် ပိုပြီး အင်အားကောင်းလာရင် အဲဒီနိုင်ငံပျက်တာပဲကွ။ နိုင်ငံပျက်ကြီးပျက်နေမှတော့ ဖက်တွယ်နေသူတွေ ဒုက္ခနဲ့ နပန်းလုံးရတော့မှာပေါ့ကွာ။ ဟုတ်ဖူးလား... အဲဒီလိုပဲ နိုင်ငံပျက်ကြီးက ထွက်လာသူတွေ အနှိမ်ခံ ဘ၀ပျက်ခံရတာကလဲ ဖြစ်မှာပဲလေကွာ။.....တွေးကြည့်ပေါ့....
ပထမအမျိုးအစားက ပြဇာတ်(၂)၊ ဒုတိယက ပြဇာတ်(၁) လေကွာ.......လူယုတ်မာတွေ ကြီးစိုးနေသရွေ့ ဒီလိုပြဇာတ် အသစ်တွေ ပေါ်နေမှာပဲလေ......
ဟူး......ရင်မောတယ်ကွာ.....
မင်းကနည်းနည်းရေးရင် ငါကလျှာရှည်ပြီး ဆက်ဆက်တွေးတော့ ညညအိပ်မပျော်တော့ဘူးဟ....
မောင်ရင်မျိုး အတော်နှိပ်စက်ပါလားဝေ.....

May 14, 2008 12:21 PM

Blogger nu-san said...

မောင်မျိုးရေ.. မရောက်တာလည်းကြာပြီ။ comment တွေ မရေးရတာလည်းကြာပါပြီ။ အားတာနဲ့ သတင်းတွေပဲ လှည့်ဖတ်နေရတာနဲ့ သူငယ်ချင်းတွေ ဘလော့ခ်ဘက်ကို ခြေမလှည့်နိုင်ဘူး။ ပုံပြင်တွေ ပုံပြင်တွေက အများကြီးပဲ။ လောကကြီးရဲ့ အဖြစ်အပျက် အချိုးအကွေ့တွေက မြန်ဆန်လွန်းလို့ တော်တော်လည်း တရားရဖို့ကောင်းပါတယ်။ ဒီနေ့အကောင်းကြီးနောက်နေ့ကျတော့ ဒုက္ခအတိရောက်ကြရတယ်။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို နဂိုကတည်းက ဒုက္ခသည်တွေပါဆိုတာကို ခေါင်းပုံဖြတ် အမြတ်ထုတ်ချင်ကြသေးတယ်။ များပြားလှတဲ့ အမတို့မသိသေးတဲ့ ရင်နင့်စရာဇာတ်လမ်းတွေ အများကြီးရှိနေဦးမှာပါ မောင်မျိုးရယ်။

May 14, 2008 10:09 PM

Anonymous နွေကဗျာ said...

ညောင်မျိုးရေ မရောက်ဖြစ်တာလည်း ကြာပေါ့
မနွေလည်း မအားလို့
ပိုစ့်လေးကို ဖတ်ပြီး စိတ်မကောင်းဘူး
လူသားတိုင်း အားလုံး.
ဒုက္ခတွေ ကင်းဝေပြီး ငြိမ်းအေး ချမ်းသာမှု
အမြန်ဆုံးရနိုင်ကြပါစေ..

May 14, 2008 11:40 PM

Anonymous Myo Kyaw Htun said...

ရေးထားတာကောင်းတယ်ဗျာ။

May 15, 2008 11:36 AM

Blogger soemoe said...

ကိုမျိုး..ဖတ်ရတာတွေကစိတ်မကောင်းစရာတွေ...အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပါတယ်...

May 17, 2008 8:23 AM

Blogger honey said...

ဇတ်လမ်းအရေးတော်တဲ့ မောင်မျိုး
ကမ်းကူးပြီး ဘုရားသွားတာ အစစအရာရာ အဆင်ပြေပါစေ။

တခန်းရပ်ပြဇတ်တွေလည်း အများကြီး ရေးနိုင်ပါစေ ဒါပေမယ့် ပြဇတ်တွေက သနားစရာကောင်းလွန်းလို့ ရင်ထဲမှာမကောင်းဘူးဗျို့

အစစအရာရာ အဆင်ပြေကြပါစေ။

May 17, 2008 8:36 PM

Blogger ရွှန်းမီ said...

မျှဝေခံစားသွားပါတယ်..
ဘ၀တွေ အဆင်ပြေစေချင်ပါတယ်။
(ဖတ်ပြီးတာ ကြာနေပြီ။ ကော်မံ့ ရေးပြီးသား အောက်မေ့နေတာ။ နောက်ဆို မင်ထူထူနဲ့ ရေးမှ)

May 18, 2008 12:04 AM

Blogger lwansay said...

ဟေ့ကောင် လာလည်တယ်။ မင်းမှာ စီဖုံးမရှိဘူး ထင်တယ် ။ ငါ့ နတ်က မကောင်းပါဘူးဆို .. စောင့်နေရတာ ကြာလိုက်တာကွ ။ စီဖုံးတက်ထား ။ဒါ ပဲ ..

May 19, 2008 12:52 PM

Blogger Layma said...

Hello ,
What a pity !!!
Plz 2 fish for me...
Bye!!!
Good luck !

May 20, 2008 4:27 PM

Blogger မင်းကျန်စစ်။ said...

ဒီလို စာတွေဖတ်ရတိုင်း စိတ်မကောင်းဖြစ်နေရတုန်းပဲ ညီလေးရာ။

No comments: