Friday, May 1, 2009

နာဂစ်

နာဂစ်...........
မင်းမို့ လုပ်ရက်တယ်
လူပေါင်းများစွာရဲ့ အသက်တွေကို
မညှာမတာ မင်းချွေပစ်ရက်တယ်။
လူတွေရဲ့ ငိုသံတွေက
မင်းအတွက် သံစဉ်တစ်ပုဒ်များလား
နင်းခံရပါ များလွန်းလို့  နာနေတဲ့ဘ၀တွေ ကို
မင်းမို့  ထပ်နင်းရက်တယ်
မပြည့်စုံ လွန်းတဲ့ ငါတို့ ရဲ့ ဌာနေကြီးမှ
အစိတ်စိတ်အမွှာအမွှာ ဖြစ်သွားအောင် လုပ်လို့ ထွက်တယ်။
သားပျောက်မိခင်တွေရဲ့ သောက
အမိပျောက် အဖပျောက် ကလေးငယ်တွေရဲ့
မျက်ရည်တွေက မေးဦးမိုးနဲ့ အတူ ရွာသွန်းကြရပြီး
ဘာအာမခံချက်မှမရှိတဲ့ တာဝန်မဲ့ စကားတွေ
ဟန်ပြသက်သက် စောင့်ရှောက်မှုတွေအောက်မှာ
လုံခြုံတယ်လို့  ထင်သလားး
ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာရုံတင်မက
မုန်တိုင်းဆိုတဲ့ နာဂစ် ငါတို့ ဘ၀တွေ ကြွေပျက်ကုန်ပြီး
သာသနာရောင် ထွန်းပြောင်ခဲ့တဲ့ ငါတို့ ရဲ့ ရွှေပြည်ကြီးက
ဘာကြောင့်များ ဘေးဆိုးတွေ
ခဏခဏ ကျရောက်နေတာပါလိမ့်
ဝဋ်များရှိရင် ကြေပါတော့ဗျာ
ငါတို့ ရင်မှာ ဒဏ်ရာတွေ အထပ်ထပ်နဲ့ 


ရွှန်းမီ said...

မီလဲ စိတ်မကောင်းဘူး ကိုမောင်မျိုးရာ..

May 9, 2008 12:35 AM

Blogger HEARTMUSEUM said...

မောင်မျိုးရေ... လုပ်ရက်ကြတယ်ကွာ။ သူတို့မို့ ကြည့်ရက်တယ်။

May 9, 2008 2:13 AM

Blogger My Wonderful Moral Thoughts said...

ငါတို့ ရင်မှာ ဒဏ်ရာတွေ အထပ်ထပ်နဲ့ 
နာကျင်နေရလွန်းလို့ ပါ..
ဝဋ်များရှိရင် ကြေပါတော့..,

!_!
Soe Mya Nandar Thet Lwin

May 9, 2008 3:57 AM

Blogger soemoe said...

အားလုံးအဆင်ပြေပါစေကိုမျိုးရယ်..

May 9, 2008 9:24 AM

Blogger မင်းကျန်စစ်။ said...

ထပ်တူ ဆုတောင်းပေးသွားတယ် ညီလေးရေ။

May 9, 2008 9:28 AM

Anonymous အိမ်လေး said...

ငါလဲ ထပ်တူဆုတောင်းသွားတယ်မောင်မျိုး!
ဘယ်တော့ ဘယ်ချိန်မှ ထပ်မလာပါနဲ့တော့လို့
နာဂစ်ရေ...။

May 9, 2008 1:00 PM

Anonymous အိုင်လွယ်ပန် said...

အေးဗျာ......
ဖြစ်ပြီးသွားမှတော့တတ်နိုင်တာတွေဝိုင်ဝန်းပန့်ပိုးကြ
ယုံပေါ့.........

May 9, 2008 8:09 PM

Blogger BLACK DREAM said...

ကိုယ်တို့ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းလေးတွေနဲ့ ကူညီကြတာပေါ့ ညီလေးရာ..။ ထမင်းတလုပ် ဖြစ်ဖြစ်ပါ။

No comments: