Friday, May 1, 2009

စာ

ရိုးသားမှုတွေနဲ့ ထင်ဟပ်နေ ၊
ချစ်စရာ ပုံရိပ်လေးတွေကို မြင်ယောင်မိတယ်
အားကိုလိုမှုတွေနဲ့  မလှပတဲ့ လက်ရေး
မှင်ရောင်တွေကစုံလင် ၊
ခြစ်ရာ ဖျက်ရာတွေနဲ့  ကြိုးကြိုးစားစား ရေးလိုက်တဲ့စာ..............................။




(၁)
ချစ်ရသော ဦးသားလေး ..........
သတိရစွာဖြင့် သား စာရေးလိုက်ပါတယ် ဦးသားလေး နေကောင်းရဲ့လား အလုပ်အကိုင်ကောအဆင်ပြေရဲ့လား ..........
အဖေ နဲ့  အမေ စကားကိုလည်း သားနားထောင်ပါတယ် စားလည်းကြိုးစားတယ် ကျောင်းပိတ်ရက်တွေမှာ ဆိုင်မှာအရင်က ဦးသားလေး အလုပ်တွေကို သား နဲ့  ကိုကြီးက ၀ိုင်းလုပ်ပါတယ်။ သားတို့  မိသားစုလည်း နေကောင်းပါတယ် သားစာကြိုးစားပြီး ပညာတက်ကြီးဖြစ်ရင် အဖေ အမေ နဲ့  ဦးသားလေး ကို ပြန်ရှာကျွေးပါ့မယ်။
ဦးသားလေး အလုပ်အဆင်ပြေပါစေလို့  သား ဆုတောင်းလိုက်ပါတယ် ။ ကျောင်းတွေ ဖွင့်တော့မယ်လေ ဦးသားလေး သားကို နာရီ ၊ ဖိနပ် အ၀တ်စားတွေ ၀ယ်ပေးလိုက်နော် မ၀ယ်ပေးလိုက်ရင်လည်း ဦးသားလေး မအားလို့  မ၀ယ်ပေးနိုင်တာ ဖြစ်မှာပါ။

သတိရစွာဖြင့်
( ******** )

( ၂)
ဦးသားလေး မီး စားရေလိုက်တယ်။
ဦးသားလေး နေကောင်းပါစေလို့  ဆုတောင်းပါတယ်။
အမေ ပြောတော့ ကျောင်းတက်ရင် ထီးအသစ်လေး နဲ့  ဂါဝန်အသစ်လေးတွေ ၀ယ်ပေးမယ်ဆိုပြီး မ၀ယ်ပေးသေးဘူး လွယ်အိတ်ကလည်း ပြဲနေပြီး ဦးသားလေး မီး ကို ၀ယ်ပေးလိုက်နော် ။
မီး ...ဒါပဲရေးလိုက်တယ်။
(********* )

အပေါ်က စာနှစ်စောင်ကတော့ တစ်နေ့ က လူကြုံနဲ့  အိမ်က တူလေး နဲ့  တူမအငယ်ဆုံးလေး ကျနော့်ဆီကို ရေးလိုက်တာပါ လက်ရေးလေးတွေက မလှမပ ၊စာလုံးပေါင်းတွေကလည်းမှား ၊ ဖျက်ရာတွေနဲ့  စာရွက်ကလည်း ပေလူးနေတာပဲး) ပြီးတော့ ထမင်းလုံးနဲ့  ကပ်ပြီး သူတို့ ရဲ့ ချစ်လှစွာသော ဦးသားလေး ကို အားကိုးတစ်ကြီးနဲ့  ပို့ လိုက်တာလေ ဖတ်ပြီး ရယ်နေရတာ အရမ်းပဲ စာလုံးပေါင်းလေးတွေ ပြင်ပြီး သူတို့ ရေးလိုက်တဲ့အတိုင်း အမှတ်တရအနေနဲ့ တင်လိုက်တာပါ ။ ဒီနှစ်မှ (၁၀) တန်းတက်မယ့် တူအကြီးဆုံးက ရည်းစားထားတက်နေပြီးတဲ့ ဦးလေး ဆီကို စာရေးဖို့ တောင်သတိမရတော့ဘူးလို့  အစ်မ ကပြောတယ် ။ တယ်တော်တဲ့ ငါ့တူပါလားဟ ဦးလေးနဲ့  များကွာပါ့ ပြန်မှ နားရင်းကို (၃) ချက်လောက် အုပ်ပစ်လိုက်အုံးမယ် ဟဲဟဲ ငါတောင်မရသေးဘူး မင်းက ထားစရာလား ( မနာလိုတာ ) ဦးလေးဆိုတဲ့ ပါဝါက နည်းတာမှတ်လို့  နိုင်လို့ ရတဲ့သူကိုပဲနိုင်ရတာလေး) ။


( ဤပုံကိုကြည့်ပါ ဦးလေးကြောင် လျှာထွက်နေသည် :P )


ပြန်စာ။ ။ ခလေး တို့ ရေ့ အခုတော့ ဦးသားလေး လည်း ငတ်ပြတ်နေလို့  ကျောင်းဖွင့်ခါနီးမှ ပို့ ပေးလိုက်မယ်နော့်း)


Anonymous said...

ဦးသားလေးကို အားကိုးတကြီးနဲ့ ရေးထားကြတာ ကာယကံရှင်တော့မသိ လေးမတော့ ကြည်နူးမိတယ်...။
လေးမ


ညိမ်းညို said...

အမယ် ဦးသားလေးတို့က တော်တော် ပါဝါကြီးတာပဲဗျ။ တူလေးတွေ။ တူမလေးတွေနဲ့ :D ကျနော်တို့များ ရှိသေးပါင်ဗျာ မှာတာတွေလဲ ၀ယ်ပေးလိုက်ဦးနော ဦးသားလေးပဲ ဘီယာတွေသောက်ပစ်မနေနဲ့ :P ပျော်ရွှင်ပါစေ ညီလေးရေ :)


နွေကဗျာ said...

ဟွန်း ညောင်မျိုးနော်
ကလေးလေးတွေက သူတို့ဦးလေးကို
အားကိုးတကြီးနဲ့မှာတာ
လခရတာနဲ့ သောက်ပစ်မနေနဲ့ဦး
ချစ်စရာ တူ တူမလေးတွေရှိတာ
အားကျစရာနော်
ဦးလေးဆိုပြီး ပါဝါတွေ သိပ်မပြနဲ့နော်.


ကိုတင့် said...

အမ်... ဦးသားလေး ပြန်စာကလဲ တိုတိုလေး ၊ တူလေးနဲ့ တူမလေးတော့ အားရှိစရာပဲ :)


HEARTMUSEUM said...

ချစ်ရသော ဦးသားလေး ..........
သတိရစွာဖြင့် သားသား အညတရ စာရေးလိုက်ပါတယ် ဦးသားလေး နေကောင်းရဲ့လား အလုပ်အကိုင်ကောအဆင်ပြေရဲ့လား ..........
ဦးသားလေးရဲ့ ဒီ postက ဖတ်လို့ကောင်းတယ်။ အရမ်းငြိမ်းချမ်းတယ်။
ချစ်ရသော ဦးသားလေး အဆင်ပြေရင် သားသားအတွက် ကောင်မလေး တယောက် ပြောပေးပါ...ဟီး...


စိုးထက် - Soe Htet ! said...

မိုက်တယ် ... အများကြီး ခံစားလို့ ရပါတယ် ဗျာ :)


BLACK DREAM said...

ဦးသားလေး....
အနော့်ကိုရဲ အချင်ကြေရင် တော်ရီး ရော်ရီး ချီးပတ် တစ်ရုံးရောက် ၀ယ်ပို့ရိုက်ပါ...တားတား ညှော်နေမယ် :P
~~~~~~~~~~~~~~~
ကောင်းတယ်ညီလေးရေ...ရိုးရိုးလေးပဲ...ဒါပေမယ့် ဖတ်ရတာ ငြိမ်းချမ်းတယ်ကွာ :)

soemoe said...

ဦးသားလေး..ဦးသားလေး...ခေါ်ကြည့်တာ..ပါဝါတွေသိတ်ပြမနေနဲ့ ..တူလေးတွေတူမလေးတွေရှိတယ်ဆိုပြီးးး...
:) :)


ကိုတိုးလေး said...

မိုက်တယ်ဗျာ ကိုမျိုးအများကြီးခံစားလို့ရတယ်။ ကဗျာလေးကိုတော့ကြိုက်သွားပြီ ရိုသားကြိုးစားမှုနှင့်အတူ အောင်မြင်နိုင်ပါစေဗျာ။


ဖြိုးဝေယံ(သူ့အတွက်..) said...

တူမလေးတွေစာကိုလည်း..လက်ရာမြောက်တဲ့
ကဗျာဖြစ်အောင် ရေးတတ်တာ
တကယ်..ချီးကျူးပါတယ်ဗျာ
ကျွန်တော်တို့များအဲလိုဆိုတော်တော်စဉ်းစားရမယ်
ဟတ်..ဟတ်..


ရွှန်းမီ said...

ဦးသားလေး..
အရာရာ အဆင်ပြေပါစေ..
အဆင်မပြေလဲ ပြေအောင် နေတတ်ပြီးသားမို့ ဒီလို ဆုတောင်းပေးရဲတာပါ။
ဘာမှ ပူဆာမလို့ မဟုတ်ပါဘူး။
ကလေးလေးတွေ စာရေးတာကို အားကျလို့။
ဦးသားလေး ပျော်ရင် စာရေးပြီး တင်ပေးပါ။ စိတ်ညစ်ရင်လဲ စာရေးပါ။ ဘာမှ မဖြစ်ရင်လဲ စာရေးပါ လို့ ။
စာတွေ လာဖတ်ရတာ ပျော်လို့ပါ။ :-)
မီမီ


ရွှေပြည်သူ said...

ဦးသားလေးမောင်မျိုးရေ... ဒီလောက်ရာထူးကြီးနေတာ အခုမှ သိတယ်။ တူ တူမလေးတွေရဲ့ စာလေးတွေက ချစ်စရာကောင်းလိုက်တာ။ “မ၀ယ်ပေးလိုက်ရင်လည်း ဦးသားလေး မအားလို့  မ၀ယ်ပေးနိုင်တာ ဖြစ်မှာပါ” ဆိုတာနဲ့ “မီး... ဒါပဲရေးလိုက်တယ်” ဆိုတဲ့ အရေးအသားလေးတွေကို တော်တော်ချစ်မိတယ်။


ဝေလေး said...

ဦးသားလေး..........:D
ဘယ်လိုလဲအစ်ကိုတော် ကလေးတွေကိုဝယ်ပေးပြီးပြီလား
တော်တယ်အစ်ကို။ကလေးတွေစာကိုဖတ်ပြီးစိတ်ထဲတစ်မျိုး
ဖြစ်သွားတယ်။

No comments: