Friday, May 1, 2009

အချစ်လား

မစဉ်းစားမိတာကြာပြီးဖြစ်တဲ့ ဒီအကြောင်းလေးကို တစ်နေ့ ညက တွေးကောင်းကောင်းနဲ့ တွေးပစ်လိုက်တာ မနက် ၁ နာရီကျော်မှ အိပ်ရတော့တယ် ။ ဖြစ်ပုံက ဒီလို ဒီလို သူများတွေ ပြောပြောနေကြတဲ့ အချစ်ဆိုတာကိုပေါ့း) ။အချစ်ဆိုတာ ဘဲဥလို ဖြူဖြူလုံးလုံးလေးလား ????ဒါမှမဟုတ် ဒူးရင်းသီးလို အဆူးတွေ အတက်တွေနဲ့ လား ???? ဘယ်သူသိလဲဗျ ပြောပြစမ်းပါအုံး ငယ်က ချစ် အနှစ်တစ်ရာဆိုတာတွေက ဒီဘက်ခေတ်မှာတော့ ပိုးကိုက်ကုန်ပါပြီး) နော့်လေ ဟုတ်ဘူးလားဗျာ အဲ့လိုသာဆိုရင် ရည်စားများတဲ့ ကောင်မလေးတို့  ၊ ပွေရှုပ်တယ်ဆိုတဲ့ ကောင်လေး ( ကျနော်မဟုတ်ဘူး) ဆိုတာတွေ ဘယ်လိုလုပ်ရှိတော့မှာလဲ။

ကျနော်က တော့ အချစ်ဆိုတာ ပုံသေသတ်မှတ်လို့ မရတဲ့ အရာတစ်ခုလို့ ထင်တယ် ။ သဲ လို ပေါ့ လွတ်ကျမှာစိုးလို့  တင်းတင်းဆုပ်လိုက်လေ ကိုယ့်လက်ထဲက ရှိနေတဲ့သဲတွေကို ပိုကျသွားလေ ဖြစ်တက်တယ် သူ့ ကို (အချစ်) အနေထားမှန်ဖို့ အရေးကြီးတယ် ။ ဥပမာဗျာ --- အချစ်ဦးကို စချစ်တုန်းက အချစ်က တြိဂံပုံ ဖြစ်ချင်ဖြစ်မယ် တစ်ခါနောက်ထပ်တစ်ယောက်ကိုချစ်မိရင် အချစ်က စက်ဝိုင်း ပုံသဏ္ဍာန်လည်းပြောင်းချင်ပြောင်သွားနိုင်တာပဲ ။ အဟမ်းး အဟမ်း ဂလိုဆိုတော့ကာ ချစ်သူနှစ်ယောက်အတွက် အချစ်က သချာင်္နည်း အရတွက်ချက်ကြည့်မယ်ဆိုရင် (+) အပေါင်းအက္ခရာလို အချစ်တွေက တိုးတိုးလာမလားး ဒါမှမဟုတ် သူက က (--) အနှုတ် ကိုယ်က နှုတ်နဲ့  နောက်ဆုံးတော့ အကြွင်းက zero ပဲ ဖြစ်မှာ သေချာတယ် ။နက္ခပညာ နဲ့ လည်း ရမှာမဟုတ်ဘူး သူ့ ကိုချစ်လှပါကြီရဲ့ပြန်ချစ်စေချင်လို့  ဗေဒင်တွေ ယတြာတွေ ဘယ်လောက် ချေချေငွေကုန်တာပဲ အဖတ်တင်တယ် ။


ကိုင်းး ကိုင်းး အဲ့ဒီတော့ ဘဘအချစ်ပါရဂူ ဂေါ်မစွံ ကြောင်စုတ်အကြံပေးချင်တာက ယောက်ျားလေးများအတွက်ပဲနော် ချစ်ပါသာချစ် ပိုက်ဆံကုန်တာမှ မဟုတ်တာ ဒီတစ်ယောက်နဲ့  ချစ် အားမရရင် နောက်တစ်ယောက် ဆက်ချစ် ချစ်သာချစ် ။ တုံးခုလို့ မှ လှမ်းမရရင် ၀ါးချွှန်နဲ့  လှမ်းခူးမယ် ငါဟာ ယောက်ျားတစ်ယောက်ဖြစ်တယ် အဲ့လို အဲ့လို သီချင်းတွေ တောင်ရှိသေးတယ် ဘာဖြစ်လဲ ချစ်သက်တမ်းလေး ၃ လလောက်ကြာရင် လက်ကလေးကို စမ်းကိုင် ပြီးရင် ပါးကလေးကို နမ်း ပြီးရင် ပြီးရင်ပေါ့ဗျာ ဟားဟား အဆင်မပြေတော့လည်း ရပ်ကွက်ရုံးကိုရောက်ပြီး ဘိလပ်မြေတစ်အိတ်ဖိုးလောက်တော့ ဒဏ်ကြေးပေးရမှာပဲ အဲ့ထက်ဆိုး၇င်တော့ အချုပ်ထဲကို ရောက်ပြီးပေါ့ ( ကိုယ်ဖြစ်တာမှမဟုတ် မြှောက်ပေးနေတာ ) မိန်းခလေးများ အတွက်တော့ မသိသေးဘူး အေးကြည်မ ကို စာပို့ ပြီးမှ ထပ်ပြောပြမယ်း) ။

သူများကိုသာပြောနေတာ ကိုယ်ကျတော့ အဟင့် ရွှတ် ရွှတ် ( ငရုပ်သီးထောင်းစားထားလို့  စပ်နေတာ ငိုတာမဟုတ်ဘူး :P ) နှစ်သစ်မှာ အချစ်ကိုတွေ့ အောင် ရှာမယ်ဆိုပြီး ၂၀၀၇ တုန်းက စိတ်ကူးတွေနဲ့  ရူးလိုက်ရတာ အခုများတော့ နှစ်ဝက်တောင်ကျိုးပြီး အမေရေ့ ............ တွေ့ လည်းတွေ့ သေးဘူးဗျ ။
ဝေးး ----- အချစ်ဆိုတာ ဘယ်မှာပုန်းနေတာလည်းကွ စိတ်သိပ်ရှည်တာမဟုတ်ဘူး ထွက်လာမလား ထွက်မလာဘူးလား လုပ်လိုက်ရရတော့ နာတော့မယ် ငါခေါ်တဲအချိန် ထွက်ရင်ထွက်လာ မထွက်လာလို့ ကတော့ one go --- seven come ပဲ ကိုယ့်ကိုကြိုက်နေတဲ့သူတွေကိုတော့ စာရင်းမှတ်ထားတာ ၉၉ ယောက်ရှိပြီး ခဏစောင့်ပါအုံးလို့ ပြောထားရတယ် တစ်ရာ ပြည့်ရင်တော့ အဲ့ ...အချစ်ဆိုတာကြီးကို မရှာတော့ဘူး ဒီအယောက်တစ်ရာကိုပဲ ရွေးတော့မယ် ။
အယောက်တစ်ရာ = အိမ်ဘေးနားက ကရင်မလေး ( နာမည်ကလည်း ထူးဆန်းပါ့ ) ။


ရွှေပြည်သူ said...

အစ်မလည်း အချစ်ဆိုတာ အတိအကျ သတ်မှတ်လို့ရတဲ့ ပုံသဏ္ဍာန်မရှိဘူး ထင်တာပါပဲ။ လူတွေက သူတို့သဘောကျတဲ့ ပုံစံခွက်တွေထဲ ထည့်ပြီးတော့သာ ပုံဖော်နေကြတာ ထင်ပါရဲ့... တွေးမိလို့ပါး) ဒါနဲ့... မောင်မျိုးနော် အေးကြည်မ အေးကြည်မဆိုပြီး အခုတော့ အယောက်တရာ ဘက် စိတ်ယိုင်နေတာလားး)) “ ဒီတစ်ယောက်နဲ့  ချစ် အားမရရင် နောက်တစ်ယောက် ဆက်ချစ် ချစ်သာချစ်” ဆိုတာကိုတော့ အာမပေးဘူး မောင်လေးရေ။ ဟိုပြေးဒီပြေးနဲ့ ဗျာတွေများပြီး မောင်မျိုးတစ်ယောက် Blog မရေးနိုင်တော့မှာ စိုးလို့ပါ။ အေးကြည်မလေးတစ်ယောက်နဲ့သာ ကျေနပ်လိုက်နော် မောင်လေးး))

May 30, 2008 9:54 AM

Anonymous ကိုတိုးလေး said...

အချစ်ဆိုတာပုံသေသတ်မှတ်လို့မရဘူးဆိုတာတော့ ဟုတ်ပါတယ်။ ငယ်ကအချစ်အနှစ်တစ်ရာဆိုတာတော့ အခုခေတ်ကြီးထဲမှာမရှိတော့ပါဘူးကိုမျိုး။ အချစ်ဆိုတာ ကြက်ဥလိုအလုံးလားတော့ ကျွန်တော်လည်းအသိဘူး သိချင်ရင် မောင်ဖြိုးလေးကို မေးကြည့်လိုက်နော် ကိုမျိုး။ ချစ်သူရှိရင်လည်းကြိုပြောထားအုံးနော် ကိုမျိုးရေ။ ဖုန်းရရင်လည်း ဖုန်းဆက်အုံးနော် ကိုမျိုး။

May 30, 2008 11:30 AM

Blogger HEARTMUSEUM said...

ဝေးး ----- အချစ်ဆိုတာ ဘယ်မှာပုန်းနေတာလည်းကွ စိတ်သိပ်ရှည်တာမဟုတ်ဘူး ထွက်လာမလား ထွက်မလာဘူးလား လုပ်လိုက်ရရတော့ နာတော့မယ် ငါခေါ်တဲ့အချိန် ထွက်ရင်ထွက်လာ မထွက်လာလို့ ကတော့
ငါလူပျိုကြီး ပဲလုပ်တော့မယ်။ D;

May 30, 2008 11:46 AM

Blogger BLACK DREAM said...

အချစ်ဆိုတာ သဲနဲ့တူတယ်ဆိုပါလား...။ လေးစားတယ် ဆရာရယ်...။ တကယ့်ကို အသစ်ပဲ...။ :) အကောင်းပြောတာပါ...။ မိုက်တယ် :)

May 30, 2008 3:35 PM

Blogger မွန် said...

အချစ်အကြောင်းဆိုပါလား နင်တို့ပဲဆွေးနွေးကြပါ သမီးတို့က မပြောရဲဘူး အချစ်ဟာဘယ်တော့မှ ဥမဥဘူး LOVE WILL NEVER LIE ဆိုတာပဲသိတယ်

May 30, 2008 5:33 PM

Blogger ဗိုလ်ဟိန်း said...

၁။ သူ့အတွက် ပေးဆပ်ချင်နေတာလား ? အဲဒါဆို ခင်ဗျားရဲ့အချစ်က ပေးဆပ်ခြင်းပဲ။
၂။ သူ့ရဲ့အချစ်၊ ဘ၀ ကို ပိုင်ဆိုင်ချင်တာလား? အဲဒါဆို ရယူပိုင်ဆိုင်လိုခြင်း။
အညာသားလဲ အဲဒါပဲသိတယ်။ (လူတိုင်းသိပါတယ်.. :P )
သြော်... နောက်တစ်ခုရှိသေးတယ်။
“အချစ်” ဆိုတာ ချစ်နေဘို့ပါပဲ... တဲ့

May 30, 2008 6:08 PM

Blogger Mhaw Sayar said...

အတွေးညက်၊ အရေးညက်ပဲဗျို့. လာအားပေးသွားပြီ. :)

May 30, 2008 7:05 PM

Blogger စိုးထက် - Soe Htet ! said...

ဖလပ် ဖလပ် ဖလပ် ဖလပ် ....

May 30, 2008 9:35 PM

Blogger nu-san said...

မောင်မျိုးရေ... "one go --- seven come " ဆိုတော့ မနည်းလွန်းနေဘူးလားဟယ်.. :) အချစ်အကြောင်းတွေရေးနေပြီဆိုတော့ ... အင်း.. မဟုတ်မှလွဲရော.. မောင်မျိုးတော့ ဆရာကိုသင်္ကြန်ကို အားကျနေပြီနဲ့တူတယ်.. :D :D

May 30, 2008 11:35 PM

Blogger ကြယ်စင်နတ်သမီး said...

ကြောင်မျိုးရေ အစ်မလဲ သိလိုတတ်လို့ရယ်တော့ ဟုတ်ဘူး... ဟီး... ဝင်ဆွေးနွေးလိုက်တာ... အချစ်ဆိုတာ "love is blind" တဲ့... မျက်စိမရှိမှတော့ ကြောင်မျိုးစိန်ခေါ်နေလဲ ထွက်လာမဲ့ပုံပေါ်ဘူး... ပြီးတော့ "true love never run smooth" ဆိုတော့ ဆူးတွေခြုံတွေ ကိုဖြတ်ပြီးလာနေရလို့ အချိန်ကြာနေတာ ဖြစ်မယ်... ဟိ ဟိ... ကြောင်မျိုးအရေးအသားကတော့ ရှယ်ပဲ...

May 31, 2008 2:24 AM

Blogger ပန်းခရေ said...

အချစ်ဆိုတာ ဘာလဲလို့ အကြိမ်ကြိမ်ခါခါ လူတိုင်းကိုရော ကိုယ်တိုင်ပါ အကြိမ်ကြိမ်ခါခါမေးမိပေမယ့်..
ခုချိန်ထိ အချစ်ဆိုတာဘာလဲ...အချစ်ဆိုတာ ဒါပဲ.လို့လက်ခံနေရတုန်းပဲ...ကြောင်မျိုးရယ်
ရေးတတ်လိုက်တာ..
အားပေးတယ်ကွာ

May 31, 2008 12:37 PM

Blogger ၀ဿန်ဦး said...

တကယ်ဆိုရင် ~~~ အချစ်ဟာဖြေရှင်းမရတဲ့ ပြဿနာ ~~~~ အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ ငါကိုယ်တိုင်အချစ်ဟာဘာလဲ မသိတော့ပါ ~~~~

မောင်မျိုးရေ… ဘာမှမဟုတ်ဘူးဗျ။ ပျင်းလို့ သီချင်းဝင်ဆိုတာ…။ :P
မောင်မျိုးလဲ အချစ်ဆိုတာကြီးနဲ့ တည့်တည့်ကြီးတိုးပါစေဗျာ……။ :D

May 31, 2008 4:00 PM

Blogger နှင်းစက်မိုး said...

အချစ်ဆိုတာ..ဘဲဥလိုဖြူဖြူလုံးလုံးကြီလား..ဒူးရင်းသီးလို အစူးတွေနဲ့လား..ဘယ်လိုကြီးလဲဟင်..ငါလည်းသိချင်နေတာ...တကယ်တော့ အချစ်ဆိုတာ...ကိုင်တွယ်ဖော်ပြလို့မရတဲ့ အရာကြီးဟ..ပြောရရင်တော့ ဘယ်လိုမှပြောပြဖို့ အဆင်မပြေနိုင်ဘူး... ဒါပေမယ့် ချစ်သူအချင်းချင်းကတော့ ဒါကို ပါးစပ်က ဖွင့်မပြောဘဲသိနိုင်ကြတယ်...ထူးဆန်းတယ်နော်..

May 31, 2008 6:06 PM

Blogger mgthonnya said...

ဟဟ!!မိုက်တယ်ဗျာဖတ်ရတာရော..idea ရော..စိတ်ဝင်စားတယ်ဗျ..အဲဒီအချစ်ဆိုတာကြီးကိုဘာကြီးမှန်းကိုမသိသေးဘူး
သိရင်လက်တို့ဦးဗျာနော်..:P

May 31, 2008 9:30 PM

Blogger ရွှေရောင်ကောင်းကင် said...

အချစ်ဆိုတာ
"သဲ လို ပေါ့ လွတ်ကျမှာစိုးလို့  တင်းတင်းဆုပ်လိုက်လေ ကိုယ့်လက်ထဲက ရှိနေတဲ့သဲတွေကို ပိုကျသွားလေ"
အဲဒီစကားကိုကြိုက်တယ်...:D

June 1, 2008 2:27 AM

Blogger ဖြိုးဝေယံ(သူ့အတွက်..) said...

ကိုမျိုးရေ..အချစ်ဆိုတဲ့အကြောင်းတော့ကြောက်ပါ့ဗျာ.. ချစ်မိရင်လည်း အသဲအသန်၊နေ့တွေ့၊ညတွေ့၊ညအိပ်တာတောင်အိမ်မက်ထဲမှာတွေ့နေတာ..အဲ..မုန်းပြီဆိုရင်လည်း မျက်နှာချင်းမဆိုင်ချင်လောက်အောင်မုန်းနဲ့..၀ူး..အရမ်းရှုပ်တယ်..အဓိပ္ပာယ်ဖွင့်ဆိုရခက်ပါတယ်။
နေတတ်ရင် အချစ်မရှိပဲ တစ်ယောက်တည်းနေတာကောင်းပါတယ်..ဒါပေမဲ့ ကျွန်တော်တော့ မနေတတ်ဘူး..အဟီး..

June 1, 2008 10:45 AM

Blogger ရွှန်းမီ said...

မသိတော့ပါဘူး ကိုကြောင်ရာ . .
မီတော့ နှာစေးရုံမက ခေါင်းပါ ကိုက်လာတယ်..
အဲဒီ အချစ် ဆိုတာကြီးက နားလည်လို့မရဘူး။

June 1, 2008 11:20 AM

Anonymous လေးမ said...

အချစ်အကြောင်း သိရင် နည်းနည်း ထပ်ပြောဦးနော်...။ တကယ်တော့ ချစ်တယ်ဆိုတဲ့ စကားလုံးဟာ ခုတုံးအလုပ်ခံနေရတာပါ...။

June 1, 2008 3:50 PM

Blogger witnyin said...

အဲဒီ ခုတုံးကြီးနဲ့ ၁ ခါခံရပြီးပြီ.... ဗြဲ.....မားမားရေ... သားသားကြောက်ကြောက်......

June 5, 2008 9:21 PM

Blogger Mhu Darye said...

ရယ်ပြီးပြန်သွားတယ်။ ခိုက်တယ် စာတိုလေး။ :D





No comments: